အချို့သော အမျိုးသမီးများဟာ 
ပုလဲကို ရတနာအဖြစ် အမြတ်တနိုး စုဆောင်းတတ်ကြတယ်။
အလှဆင်ကြတယ်။
အချို့က ပုလဲလည်ဆွဲ၊ 
အချို့က ပုလဲနားကပ်၊ 
အချို့က ပုလဲရင်ထိုး၊ 
အချို့က ပုလဲဆံထိုး၊
 စသည်ဖြင့် 
ပုလဲဖြင့် လက်ဝတ်ရတနာအမျိုးမျိုး ပြုလုပ်ပြီးအလှဆင်ကြပါတယ်။
အကယ်၍သာ ပုလဲဘယ်လိုဖြစ်လာတာကို သိခဲ့ရင် 
အဲဒီလို အလှဆင်ရက်ပါ့မလားလို့စဉ်းစားမိပါတယ်။
မုတ်ကောင်ထဲကို အမှတ်မထင် ဝင်သွားတဲ့ သဲပွင့်ကြောင့်
 မုတ်ကောင်ရဲ့ နူးညံ့လှတဲ့ အတွင်းပိုင်းမှာ မခံသာဘဲ
နာကျင်မှုဖြစ်ရပါတယ်။
လူရဲ့ မျက်စေ့ထဲ သဲဝင်သလို ခံစားရပါတယ်။
အဲဒီအခါ မုတ်ကောင်ရဲ့ အတွင်းကိုယ်ထဲမှ
မျက်ရည်နှင့်တူသော အရည်များထုတ်ပြီး 
အဲဒီသဲပွင့်ကို ဖုံးပိတ်ကာဆီးပါတယ်။
 
မျက်ရည်များ ထူလာတဲ့ အခါ
သဲပွင့်မှာ တဖြည်းဖြည်း ပုလဲလုံး
ဖြစ်လာပါတော့တယ်။
မုတ်ကောင်ကလေးရဲ့ နာကျင်မှုဒဏ်ရာများ၊
ပြင်းပြင်းထန်ထန်မခံသာအောင်နာကျင်မှုများ၊
နာကျင်မှုကြောင့် ထွက်လာတဲ့ မျက်ရည်များ၊ 
အားလုံး ပေါင်းလိုက်တဲ့အခါ
ပုလဲလုံးလှလှလေးများ ဖြစ်လာပါတော့တယ်။
 
ကဲ…..အမျိုးသမီးများခင်ဗျား….
မုတ်ကောင်တွေရဲ့ နာကျင်မှု၊ 
မုတ်ကောင်တွေရဲ့ မခံသာမှု၊
 တို့ကြောင့်
 ဖြစ်လာတဲ့ မုတ်ကောင်တွေရဲ့ မျက်ရည်ဥများဖြင့် 
အလှဆင်ကြမှာလားကွယ်…..။      ။

 
 

No comments:
Post a Comment