ဘယ်မြင်းမှ အထိန်းကြိုးမတပ်ဆင်ရင်
လိုချင်တဲ့နေရာကို မရောက်နိုင်ပါ။
ရေနွေးငွေ့ 
သို့မဟုတ် 
ဓါတ်ငွေ့တို့ကိုလည်း 
သတ်မှတ်တဲ့ လမ်းအတိုင်း
လမ်းကြောင်း ဖွင့်မပေးဘူးဆိုရင် 
ဘာကိုမှ 
တွန်းအား၊ဖိအားပေးနိုင်တဲ့
သတ္တိဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။
ရေတံခွန်ကိုလည်း
ဖြတ်စေလိုတဲ့ လမ်းကြောင်းအတွင်းကို
 ဖြတ်သန်းသွားလာစေခြင်းသာ မရှိပါက
အင်အား
သို့မဟုတ် 
လျှပ်စစ်အလင်းဆိုတာ 
ဘယ်လိုမှ ဖြစ်ပေါ်လာစရာ မရှိပါ။
 
အလားတူပင်…
ဘဝမှာလည်း အာရုံစူးစူးစိုက်စိုက်ပြုလုပ်ခြင်း ၊
စိတ်ကို တစ်ခုခုမှာ နှစ်မြှုပ်ဆောင်ရွက်ခြင်းနဲ့ 
စည်းကမ်းနဲ့ အညီ ဆောင်ရွက်ခြင်းမရှိပါက 
ဘယ်လိုမှ ကြီးပွားခြင်း၊ 
တိုးတက်ဖွံ့ဖြိုးခြင်းဆိုတာ မရှိနိုင်ပါဘူး။

 
 

No comments:
Post a Comment