Thursday, May 6, 2010

“ အမြတ်ဆုံး အချစ် ”




ကိုယ်က မချစ်

သူကချစ်၊

ဒီချစ် အမုန်းဆုံး။

(မုန်းစရာ ပုဂ္ဂိုလ်တို့နှင့် ယှဉ်တွဲနေရသည့်ဆင်းရဲ)


ကိုယ်ကသာချစ်၊

သူမချစ်၊

ဒီချစ်ဆင်းရဲဆုံး။

(ချစ်စရာပုဂ္ဂိုလ်တို့နှင့် မယှဉ်တွဲ ကင်းကွာနေရသည့်ဆင်းရဲ)


ကိုယ်ကလည်း ချစ်၊

သူလည်းချစ်၊

ဒီချစ် အသင့်ဆုံး။

(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ စိတ်ဝမ်းမကွဲ

အပြစ်ကင်းညီညွတ်စွာ ယှဉ်တွဲနေရသည့်ချမ်းသာ)


ကိုယ်လည်း မချစ်၊

သူမချစ်၊

ဒီချစ် အမြတ်ဆုံး။

(စိတ်တူ ကိုယ်တူ၊ နှစ်ဦးနှစ်ဝ၊ ချစ်ခြင်းမုန်းခြင်း ဆင်းရဲခြင်းမှ

လွတ်မြောက်စေရန် သတိပဌာန်လေးပါးမြတ်တရားကို ပွားများအားထုတ်နိုင်မှသာ

ဆင်းရဲငြိမ်းရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုကြရသည့်ချမ်းသာ)


ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်း

ဆရာတော် ဘဒ္ဒ န္တ ဝိရောစန

တာချီလိတ်မြို့။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com