Thursday, January 6, 2011

“ သည်းမခံနိုင်သူအတွက် ကုထုံး…”


စကော့လူမျိုး အဘိုးကြီးတစ်ဦးအကြောင်း ဖတ်ဖူးပါတယ်။

စိတ်ထဲမှာသည်းမခံနိုင်စရာများ ကြုံကြိုက်တဲ့အခါတိုင်းမှာ

သူဟာ ခရမ်းချဉ်သီးများကို တစ်၊ နှစ်၊ သုံး၊ လေး၊……….

စသဖြင့် ဖြည်းဖြည်းရေတွက်တတ်ပါတယ်။


ဥပမာ…..နောက်ကျမှု၊

မမျှော်လင့်တဲ့ အန္တရာယ်ကြုံရမှု၊

အနှောက်အယှက် ကြုံရမှု၊

ဒါမှမဟုတ်

အခက်အခဲတစ်မျိုးမဟုတ် တစ်မျိုးကြုံရတဲ့အခါမျိုးမှာ

ရေတွက်တတ်ပါတယ်။

ခရမ်းချဉ်သီးတစ်လုံး၊

ခရမ်းချဉ်သီးနှစ်လုံး၊

ခရမ်းချဉ်သီးသုံးလုံး………….

အဲဒီလိုရေတွက်ရာ ခရမ်းချဉ်သီးအလုံး ၆၀ လောက်အထိ ရောက်အောင်

ကြာမြင့်လာတဲ့အခါ ဖြစ်ပေါ်တဲ့ သည်းမခံနိုင်စိတ်၊

ဒေါသစိတ်ဟာ ပျက်ပြယ်သွားပါတော့တယ်။

ဒါမှမဟုတ် မေ့လျော့သွားပါတယ်။

ဒါမှမဟုတ်ရင်လည်း တကယ့် အခြေအနေကို

သိနားလည်ခြင်းအဆင့်ကို ရောက်တာမျိုးလည်း ဖြစ်သွားပါတော့တယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com