Wednesday, November 17, 2010

“ အဖြေမှန်ပြောနိုင်သူ…”




ပျဉ်မနားအထက်တန်းကျောင်းတစ်ခုမှာဖြစ်တယ်။

ဇီဝဗေဒဘာသာရပ်ကို

သင်ကြားပေးနေတဲ့ ဆရာဦးရွှေအေးက

ကျောင်းသားကျောင်းသူများ ပျင်းမှာစိုးတဲ့အတွက်

အပျင်းပြေ ကစားနည်းတစ်ခုကို

စဉ်းစားပြီးတပည့်များကိုပြောတယ်။


တပည့်တို့ကို ဆရာ စကားထာတစ်ခုဖွဲ့မယ်၊

သေသေချုာချာ နားထောင်ကြ၊

ရေမြင်း နှစ်ကောင် ပျံသွားကြတယ်။

တစ်ကောင်က အစိမ်းရောင်၊

နောက်တစ်ကောင်က အပြာရောင်၊

တစ်ကောင်က တရုတ်ပြည်ဘက် ပျံသွားတယ်။

နောက်တစ်ကောင်က ရုရှားဘက် ပျံသွားတယ်။


ကဲဆရာ့အသက် ဘယ်လောက်ရှိပြီလဲ


လို့ ရီမောပြီး မေးလိုက်တယ်။


ကျောင်းသားအားလုံး ငြိမ်နေကြတယ်။

ဆရာ့စကားကိုနားမလည်ကြပါ။

ဘာပြန်ပြောရမှန်လည်း မသိကြပါ။


ကဲဘယ်သူဖြေနိုင်လဲ…”


လို့ထပ်မေးလိုက်တော့

နောက်ဆုံးခုံတန်းမှာ ထိုင်နေတဲ့ လူမင်းထွန်း

လို့ခေါ်တဲ့ တရုပ်ကြီး (အိမ်နာမည်)က


ဆရာ့အသက် ၃၀-နှစ်


လို့အော်ပြောလိုက်တယ်။


မှန်တယ်၊

မင်းတော်တယ်၊

ဒါနဲ့ မင်း ဘယ်လိုလုပ် သိသလဲ


ဆရာက အံ့သြသံနဲ့မေးလိုက်ပါတယ်။


တရုပ်ကြီးပြန်ဖြေလိုက်တာက


ကျနော့်အသက်က ၁၅-နှစ်ရှိပြီ၊

ပြီးတော့ ကျနော့်ကို

ဦးနှောက်တစ်ဝက် ချောင်နေတဲ့အကောင်လို့

အားလုံးကပြောကြတယ်လေ


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com