Wednesday, November 17, 2010

“ ဘာဘဲပြောပြော…”



လူတစ်ဦးတစ်ယောက်ရဲ့အကျင့်စရိုက်ကို

စမ်းသပ်ကြည့်နိုင်တဲ့ စစ်ဆေးမှုတစ်ခုရှိပါတယ်။


စော်ကားမှုတစ်ရပ်ကို

မတုန့်ပြန်ဘဲ နေနိုင်မှုရှိ၊ မရှိ စမ်းသပ်ရန်ဖြစ်ပါတယ်။


ဂျော့ဘားနပ်ရှောအား

တစ်ဦးတစ်ယောက်က

မြည်းကြီးလို့ ရိုင်းပြစွာ စော်ကားလိုက်ပါတယ်။


ဘားနပ်ရှောက

သူ့အားမြည်းကြီးလို့ခေါ်တာကို

စော်ကားတယ်လို့ မမြင်ပါ။

ချီးကျူးတယ်လို့ပင်မြင်ပါတယ်။

သူ့ကိုယ်သူ အမြဲနှိမ့်ချတတ်တယ်။


မြည်းတစ်ကောင်တွင် ရှိတဲ့

ဂုဏ်သတ္တိအရည်အသွေးများကို

ဘားနပ်ရှောက ထောက်ပြပါတယ်။


မြည်းတွေဟာ

မထောင်လွှားတတ်မှု၊

အလုပ်ကြိုးစားမှု၊

ရောင့်ရဲတတ်မှု၊

ရိုးသားပြီး ကြိုးကြိုးးစားစားအလုပ်လုပ်တတ်မှုတို့ကို

ဘားနပ်ရှောက ထောက်ပြပါတယ်။


အဲဒီလို

အရည်အသွေးကောင်းတွေရှိတဲ့ မြည်းနဲ့ တူတယ်လို့

ကျနော်ကို ချီးကျူးတာအတွက် ကျေးဇူးတင်ပါတယ်လို့

တုန့်ပြန်ဖို့သာရှိပါတယ်


လို့ ဘားနပ်ရှောက ပြောပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com