Wednesday, November 17, 2010

“ ငရဲပြည်နဲ့ နတ်ပြည်…”



တစ်ခါတုန်းက ယမမင်းဆီ

ရောက်လာသူနှစ်ဦးကို နတ်ပြည်နဲ့ငရဲပြည်ကိုသွားဖို့

စစ်ဆေးနေပါတယ်။


တစ်ဦးက လူ့ဘဝတုန်းက ဓမ္မဆရာဖြစ်တယ်။

လူ့ဘဝတုန်းက ဘာလုပ်သလဲ

လို့မေးတော့

ဓမ္မဆရာက

လူ့ဘဝတုန်းက တရားဟောတဲ့ ဓမ္မဆရာလုပ်ပါတယ်

လို့ဖြေတော့ ငရဲပြည်ကိုသွားစေ

လို့ အမိန့်ချမှတ်လိုက်ပါတယ်။


နောက်တစ်ဦးကတော

အမောင်းကြမ်းတဲ့ကားသမားတစ်ဦးဖြစ်တယ်။

လူ့ဘဝတုန်းက ဘာလုပ်သလဲ

ဆိုတော့

ကားမောင်းသမားလုပ်ခဲ့ပါတယ်

လို့ ဖြေပါတယ်။

ဒီလို ဆိုရင် နတ်ပြည်ကို သွားစေ

လို့အမိန့်ချမှတ်ပါတယ်။


ဒီတော့ ဓမ္မဆရာက မကျေနပ်ပါ။

တရားဟောဆရာလုပ်သူကိုတော့ ငရဲပြည်သွားစေ ဆိုပြီး

အရက်သမားကားမောင်းသူကိုတော့

နတ်ပြည်သွားစေ ဆိုတာ မတရားဘူးလို့

စောဒကတက်ပါတယ်။


ဒီတော့ ယမမင်းပြန်ပြောလိုက်တာက

တရားဟောဆရာလုပ်သူက တရားဟောပေမယ့်

တရားနာသူတွေက

အဲဒီအချိန်မှာ အိပ်ငိုက်နေတယ်။

လူတွေကို ဘုရားနဲ့ဝေးစေတယ်။

ဒါကြောင့် ငရဲပြည်ကိုသွားခိုင်းရတာဖြစ်တယ်။


ကားမောင်းကြမ်းတဲ့ကားဆရာက

အမောင်းကြမ်းတဲ့အတွက် ကားပေါ်ပါလာသူတွေအားလုံး

ဘုရားတနေကြရတယ်။

ဒါကြောင့် သူဟာလူတွေကို ဘုရားနဲ့နီးစေတယ်။

ဒါကြောင့်နတ်ပြည်ကို သွားရတာဖြစ်တယ်လို့

ယမမင်းက ရှင်းလင်းပေးလိုက်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com