Wednesday, November 17, 2010

“ ဘာအခုမှကြောက်ပါပြီလဲ…”



တစ်ခါတုန်းက တောထဲမှာ

ယုန်တစ်ကောင်

ခုန်ပေါက် ပြေးလွှားလာတယ်။

ရုတ်တရက်

တွင်းနက်တစ်ခုထဲ မြေခွေးတစ်ကောင်

ထိုင်နေတာကို တွေ့လိုက်ရတယ်။

မတော်တဆ ကျသွားဟန်ရှိတယ်။


ပြန်မတက်နိုင်တဲ့ မြေခွေးကို ကလိ ဖို့

ယုန်ကဆုံးဖြတ်လိုက်တယ်။

မြေခွေးအပေါ် နာကျည်းချက်တွေ

အများကြီးရှိခဲ့တဲ့အတွက်ကြောင့် ဖြစ်တယ်။


ဟေ့မြေခွေးစုတ်၊

အခုမင်းဘက်ကို

သားရဲတိရ စ္ဆာန်တွေ အများကြီးလာနေကြတယ်။

အဲမင်းထိုင်နေတဲ့ တွင်းထဲကို

သူတို့ အီအီးပါချပြီးတွင်းကို မြေဖို့လိုက်ကြလိမ့်မယ် သိလား


ဒီလိုပြောပြီး ကျေနပ်စွာနဲ့ ပြန်ပြေးတယ်။

ပြေးနေရင်းက မြေခွေးကို ပြောခဲ့တာ

နည်းသေးတယ်လို့ အတွေးပေါက်လာတယ်။

ဒါနဲ့

မြေခွေးရှိရာဘက်ကို ပြန်ပြေးတယ်။

ရောက်တဲ့အခါ တွင်းထဲ ငုံ့ကြည့်ပြီး ပြောတယ်။


မြေခွေးစုတ်၊

ပြီးတော့ အမဲလိုက်မုဆိုးတွေလည်း လာနေကြတယ်ကွ၊

မင်းကို သူတို့ ပစ်သတ်လိမ့်မယ်။

အပိုင်းပိုင်းခုတ်ထစ်ပြီး

မင်းရဲ့ အသားတုံးတွေကို

တောတစ်တောလုံး နှံ့အောင်

လျှောက်ပစ်လိမ့်မယ် သိလား။ ဟား ဟား ဟား


ယုန်ဟာ အကျေနပ်ကြီး ကျေနပ်သွားတယ်။


ဒါနဲ့ပြန်လှည့်ပြေးတယ်။

ပြေးနေရင်းက ဒီထက် ပိုပြောသင့်သေးတယ်လို့

သဘောရလာပြန်တယ်။

အဲဒါကြောင့်

မြေခွေးရှိရာဘက် ပြန်ပြေးလာပြန်တယ်။

တွင်းအနားကို ရောက်လာတယ်။


မြေခွေးကိုအယုတ်တမာ

စကားပြောဖို့တွင်းကို ငုံ့ကြည့်တယ်။

မမျှော်လင့်ဘဲ ခြေချော်ပြီး

တွင်းထဲကို ပြုတ်ကျသွားတယ်။


ယုန်ဟာ

မျက်လုံးပေကလပ်၊ ပေကလပ်နဲ့

မြေခွေးကိုကြည့်ပြီး ပြောလိုက်တာက


ကိုကိုမြေခွေး၊ ယုံချင်ယုံ၊ မယုံချင်နေ၊

အခုကျနော်လာတာ

ကိုကို မြေခွေးကို တောင်းပန်ဖို့ခင်ဗျ။

ကိုကို မြေခွေးလို

ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ် ကို ဒီလို နစ်နာစေတဲ့စကားကို

မပြောသင့်ဘူးလို့ ထင်ပြီးလာတောင်းပန်တာပါ၊

ကျေနပ်ပါနော်၊နော်….နော်….”


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com