Wednesday, November 17, 2010

“ တစ်ချက်ခုတ်၊ သုံးချက်ပြတ်…”



အလွန်ကပ်စေးနဲသူဖြစ်တဲ့ ကိုသီဟကျော် ဟာ

သူရဲ့သူငယ်ချင်းနဲ့အတူ ဆရာဝန်ကိုလာပြတယ်။

ဆရာဝန်က စစ်ဆေးကြည့်ရှုပြီးတဲ့အခါ

မိတ်ဆွေဖြစ်သူက နားမလည်ဟန်ဖြင့် မေးတယ်။


ဟေ့လူ၊

ရင်ဘတ်အောင့်တယ်၊

ဗိုက်နာတယ်ဆိုပြီး

ဘာဖြစ်လို့ ဆရာဝန်ကို ခင်ဗျား ပြောရတာလဲ၊

ခင်ဗျား ကျနော့်ကိုပြောတော့ ခေါင်းပဲကိုက်တယ်ဆို…”


ကိုသီဟကျော်က

ရင်ဘတ်အောင့်ချင်သလိုလိုပဲလို့ မိန်းမကပြောတယ်၊

သမီးကလည်း ဗိုက် ခဏခဏ နာတယ်လို့ပြောတယ်။


အဲဒါနဲ့ ဘာဆိုင်လို့လဲ


ကိုသီဟကျော်က

ခင်ဗျား တော်တော် နားဝေးတာပဲ၊

မိန်းမနဲ့သမီးအတွက်

ဆရာဝန် စစ်ဆေးကြည့်ရှုခ

ထပ်ပေးရလောက်အောင်အထိ

ကျုပ်က မတုံးဘူးဗျ

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com