Wednesday, October 6, 2010

“ ငြိမ်သက်ခြင်း အလေ့အကျင့်…”



သိပံ္ပပညာရှင်ကြီးပါစကယ်က

လူသားတွေကို နှစ်ပေါင်းများစွာ လေ့လာပြီးကျနော်သိလာတာတစ်ခုရှိပါတယ်။

အဲဒါကတော့ လူသားတို့အတွက် အကြီးမားဆုံးဒုက္ခများအနက်

တစ်ခုမှာ ငြိမ်ငြိမ် မနေနိုင်ခြင်းပင်ဖြစ်တယ်

လို့ပြောခဲ့ပါတယ်။


စတားဒေလီဟာ စိတ်ပညာရှင်တစ်ဦးဖြစ်တယ်။

စိတ်ပိုင်းဆိုင်ရာ ကုစားမှုအကြောင်းကို ကောင်းစွာ သိသူတစ်ဦးဖြစ်တယ်။

သူက

ကျနော်အတွေ့အကြုံအရပြောရမယ်ဆိုရင် …..

ကျနော်သိသမျှယောက်ျား ဒါမှမဟုတ် မိန်းမတွေထဲမှာ

ငြိမ်ငြိမ် သက်သက်နေတဲ့ အလေ့အကျင့်ကိုသိပြီး

လက်တွေ့လေ့ကျင့်သူဟာ ဖျားခြင်း နာခြင်းတောင် မရှိပါဘူး

လို့ပြောဖူးပါတယ်။


အလွန်မှန်ကန်တဲ့စကားဖြစ်ပါတယ်။

ငြိမ်ငြိမ်သက်သက် နေထိုင်တဲ့ အလေ့အကျင့်ဟာ

ဆေးဝါးအများစုထက် ရောဂါကို ကာကွယ် ပျောက်ကင်းစေနိုင်ပါတယ်။


မြန်မာလူမျိုးအတွက် ငြိမ်ငြိမ်သက်သက် နေထိုင်တဲ့အလေ့အကျင့်ဟာ

နီးလျက်ဝေးနေတဲ့အလေ့အကျင့်ဖြစ်ပါတယ်။

အဲဒါကတော့ တရားထိုင်တဲ့အလေ့အကျင့်ဖြစ်ပါတယ်။

မှန်ကန်တဲ့နည်းစံနစ်ဖြစ်ဖို့တော့လိုအပ်ပါတယ်။

ဒါကလည်း ခက်ခဲတဲ့နည်းလမ်းတော့မဟုတ်ပါဘူး။

ကိုယ်နဲ့နီးတဲ့တရားစခမ်းတစ်ခုခုမှာ ဝင်ရောက်ပြီး

နည်းစံနစ်ကိုယူလည်းရနိုင်ပါတယ်။

နောက်တစ်ခုကတော့ မှန်ကန်တဲ့ နည်းစံနစ်ကိုရေးသားထားတဲ့

ဆရာတော်ကြီးတွေရဲ့စာအုပ်ကိုဖတ်ပြီး စနစ်တကျလေ့ကျင့်ရင်လည်း ဖြစ်နိုင်ပါတယ်။

အဲဒီအလေ့အကျင့်ကို ယုံယုံကြည်ကြည်နဲ့လေ့ကျင့်ခဲ့မယ်ဆိုရင်

ကိုယ်ခန္ဓာ ကျန်းမာမှုကိုတိုးတက်စေနိုင်သလို

စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု၊

ရင့်ကျက်မှုလည်း ဖြစ်စေနိုင်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com