ဝေးတဲ့အကြောင်းအရာများကိုလည်းကောင်း၊
နီးကပ်တဲ့ အကြောင်းအရာများကိုလည်းကောင်း၊ 
စူးစမ်းလေ့လာကြပါတယ်။
သေးငယ်မှုန်ဝါးတဲ့ အကြောင်းအရာများကိုလေ့လာဖို့အတွက်
မိုက်ခရိုစကုပ်နှင့် အကြိမ်ပေါင်းထောင်ပေါင်းများစွာ ကြည့်ရပါတယ်။
ပတ်ဝန်းကျင်ရှိအရာများ၊
 ကျွန်ုပ်တို့ ကိုယ်ခန္ဓာအတွင်းရှိ အကြောင်းအရာများကို 
အသေးစိတ်လေ့လာရန် မိုက်ခရိုစကုပ်ကို ကြိမ်ဖန်များစွာ သုံးရပါတယ်။
ဒီလို လေ့လာရာမှ 
အလွန်သေးငယ်တဲ့ အဏုမြူကိုတွေ့ခဲ့ခြင်းဖြစ်ပါတယ်။
ဒီတွေ့ရှိချက်ပေါ်အခြေတည်ပြီး 
အခြားတွေ့ရှိထုတ်လုပ်မှုအမျိုးပေါင်းတစ်သောင်းကျော်ထုတ်လုပ်နိုင်ခဲ့ပါတယ်။
အဏုမြူဟာ ကျွန်ုပ်တို့တဝိုက်တွင်လည်းကောင်း၊ 
ကျွန်ုပ်တို့ရဲ့ ကိုယ်ခန္ဓာထဲတွင် လည်းကောင်း၊ 
နေရာတိုင်းတွင်လည်းကောင်း အမြဲရှိနေခဲ့ပါတယ်။
 ဒါပေမယ့် အဏုမြူရှိနေကြောင်း ယခင်က
ဘယ်သူမှမသိခဲ့တဲ့အတွက် ဘာမှ ဖြစ်မလာခဲ့ပါ။
ဂျော့ဝါရှင်တန် ကာဗာဟာ ထင်ရှားတဲ့ နီဂရိုးသိပ္ပံပညာရှင်တစ်ဦးဖြစ်ပါတယ်။
သူဟာ မြေပဲမှ ထုတ်ကုန်အမျိုးပေါင်း ၃၅၀-ကျော်ကို ထုတ်လုပ်ပေးခဲ့ပါတယ်။
သူရဲ့ ဆောင်ပုဒ်မှာ 
ကျွန်ုပ်တို့အတွက် ဘဝတစ်သက်တာ ဆောင်ထားရမယ့် ဆောင်ပုဒ်လည်းဖြစ်ပါတယ်။
သူရဲ့ဆောင်ပုဒ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
 ရောက်တဲ့နေရာမှ စ, ပါ။
      ရောက်တဲ့နေရာမှ စ, ပါ။
 သင့်မှာရှိတာကို ဖော်ထုတ်ယူပါ။
      သင့်မှာရှိတာကို ဖော်ထုတ်ယူပါ။
 အဲဒီမှ  တစ်ခုခုဖြစ်ပေါ်လာအောင် လုပ်ပါ။
      အဲဒီမှ  တစ်ခုခုဖြစ်ပေါ်လာအောင် လုပ်ပါ။
 
 

No comments:
Post a Comment