Wednesday, October 6, 2010

“ နှိမ့်ချတဲ့ခွက်ထဲမှာ...”




တစ်ခါတုန်းက ဂျိုရူဝါဟာ ပညာဉာဏ်ထက်မြက်တဲ့

ဘုရင့်အကြံပေးပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်တယ်။

ဒါပေမယ့် သူရဲ့ မျက်နှာအသွင်အပြင်မှာ တော်တော်ကို အရုပ်ဆိုးပါတယ်။

ဘုရင်ကြီးမှာ အလွန်ချောမောလှပပြီး

မာန်မာနကြီးတဲ့ သမီးတော်တစ်ပါးလည်းရှိပါတယ်။

ဘုရင်ကြီးက ပညာရှိအမတ်ကြီးကို အလေးပေးတဲ့အတွက် ဘုရင့်သမီးတော်မှာ

ပညာရှိအမတ်ကြီးအပေါ် မနာလိုစိတ်ဖြစ်နေပါတယ်။

အမတ်ကြီးကို နှိမ်လိုတဲ့သဘောဖြင့်

အမတ်ကြီးဟာ ပညာဉာဏ်သိပ်ကြီးတယ်ဆိုရင်

ဗလာကျင်းနေတဲ့ခွက်ကြီးထဲမှာ ဘုရားသခင်က

ဘာကြောင့် ဒီလောက်အသိပညာတွေ

ရွေးထည့်ထားတယ်ဆိုတာ ပြောပြစမ်းပါ

လို့ လှောင်ပြောင်လိုတဲ့ စိတ်ဖြင့် မေးလိုက်ပါတယ်။


အဲဒီအခါ

ဂျိုရူဝါက

သမီးတော်ရဲ့ ခမည်းတော်မှာ ဝိုင်အရက်တွေ ရှိပါသလား

လို့ ဘုရင့်သမီးတော်ကို ပြန်မေးလိုက်ပါတယ်။


ဘုရင့်သမီးတော်က

ခမည်းတော်ဘုရင်ကြီးမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဝိုင် အရက် တွေ

လှောင်ထားတဲ့ အခန်းတွေရှိတယ်ဆိုတာ လူတိုင်းသိမယ်လို့ထင်ပါတယ်။

မသိဘူးဆိုတဲ့လူဟာ တော်တော်ထုံအသူဖြစ်ပါလိမ့်မယ်။

လို့ပြောလိုက်ပါတယ်။


အဲဒီဝိုင်အရက်တွေကို ဘာနဲ့ထည့်ထားပါသလဲ..”

လို့ ဂျိုရူဝါက ထပ်မေးလိုက်ပါတယ်။

ဘာမေးစရာလိုသေးလဲ၊ မြေအိုးအကြီးကြီးတွေနဲ့ပေါ့

လို့ သမီးတော်က စိတ်မြန်လက်မြန်နဲ့ဖြေလိုက်ပါတယ်။

ဘာပြောတယ်၊ မြေအိုးတွေ ဟုတ်လား

လို့ပြောရင်း ဂျိုရူဝါက ဟားတိုက်ရယ်ပါတော့တယ်။

ပြီးတော့

ကျွန်ုပ်ကို ခင့်လွှတ်ပါသမီးတော်၊

သမီးတော်ရဲ့ ဖခမည်းတော်လို အဆင့်အမြင့်ဆုံးလူပုဂ္ဂိုလ်တစ်ဦးက

မြေနဲ့လုပ်ထားတဲ့မြေအိုးကို သုံးတယ်ဆိုတော့ အံ့သြလွန်းလို့ပါ။

တောင်သူလယ်သမားတွေဘဲ သူတို့အတွက် ဝိုင်အရက်ကို

မြေအိုးတွေနဲ့ ထည့်သိမ်းထားမယ်လို့ထင်လို့ပါ

လို့ပြောပြီး မင်းသမီးကို အရိုအသေပေးပြီးထွက်သွားပါတော့တယ်။


မင်းသမီးဟာဝိုင် အရက် လှောင်ထားတဲ့ အခန်းကို ချက်ချင်းသွားပါတော့တယ်။

စောင့်ကြပ်သူ အကြီးအကဲကို ဝိုင်အရက်တွေ အားလုံးကို မြေအိုးထဲကနေ

ရွှေအိုး၊ငွေအိုးတွေနဲ့ ပြောင်းထည့်ဖို့အမိန့်ပေးလိုက်ပါတယ်။

များမကြာမီမှာပင် ဘုရင်ကြီးက သူ့မိတ်ဆွေများကို ဖိတ်ပြီး

သူရဲ့အကောင်းဆုံး ဝိုင်အရက်ဖြင့် ဧည့်ခံပါတောတယ်။

ဧည့်သည်များက ဝိုင်အရက်ကို နည်းနည်းမြည်းကြည့်ပြီး

မျက်နှာများရှုံ့မဲ့ကုန်ပါတော့တယ်။

အကြောင်းမှာ ဝိုင်အရက်များ အချဉ်ပေါက်ကုန်

သောကြောင့်ဖြစ်ပါတယ်။


ဘုရင်ကြီးမှာ အကြီးအကျယ်ဒေါသထွက်ပြီး ဝိုင်အရက်သိုလှောင်ခန်း စောင့်ကြပ်သူ

အကြီးအကဲကိုခေါ်ပြီးမေးတော့မှ အကျိုးအကြောင်းကို သိရပါတော့တယ်။

သမီးတော်မှာ အပြစ်တင်ခံရပါတော့တယ်။


ဧည့်ခံပွဲပြီးတဲ့အခါ ဘုရင့်သမီးတော်ဟာ ဂျိုရူဝါရဲ့ အခန်းသို့ပြေးသွားပြီး

ဝိုင်အရက်တွေကို မြေအိုးကနေ ရွှေအိုး၊ ငွေအိုးထဲ ပြောင်းထည့်ဖို့

ဘာကြောင့်လှည့်ဖြားပြောဆိုရပါသလဲလို့ ဂျိုရူဝါကို အပြစ်တင်ပါတော့တယ်။


ဂျိုရူဝါက

သိပ်ဝမ်းနည်းပါတယ်သမီးတော်လေး၊

ဒါပေမယ့် ဘုရားသခင်ဟာ တစ်ခါတစ်ရံမှာ ရုပ်ဆိုးအကျည်းတန်တဲ့ခွက်ထဲမှာ

ပညာ ဉာဏ်တွေထည့်ထားတတ်တယ်ဆိုတာ သမီးတော်လေးသိနိုင်ပြီလို့တော့ ထင်ပါတယ်။

ဝိုင်အရက်လိုပါပဲ၊

အသိပညာဆိုတာ နှိမ့်ချတဲ့ခွက်ထဲမှာ အကောင်းဆုံး ထိန်းပေးထားနိုင်ပါတယ်။

လို့ ရှင်းပြလိုက်ပါတော့တယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com