သူရဲ့မိတ်ဆွေ  စန္ဒယားသမားတစ်ဦးက မေးခွန်းတစ်ခုကို မေးပါတယ်။
 “ ကြိုက်တဲ့ သီချင်းကို အချိန်တိုအတွင်းကပ်ပြီးပြောရင်
တီးပေးဖို့အဆင်သင့်ဖြစ်သလား ”
ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။
အဲဒီအခါ စန္ဒယား ပါရမီရှင်ဖြစ်သူ ဂျန်ပါအပ်ရက်စကီးက
“ ကျနော်ကတော့ အမြဲတန်း အဆင်သင့်ဖြစ်ပါတယ်။ 
ဒီလိုအဆင်သင့်ဖြစ်အောင် 
ကျနော်က တစ်နေ့ကို ၈နာရီ၊
 နှစ်ပေါင်း ၄၀တိုင်တိုင်….
စန္ဒယား လေ့ကျင့်ခဲ့တာပါ ”
လို့ပြန်ဖြေခဲ့ပါတယ်။
 “ အေးဗျာ၊ ကျနော်လည်း ခင်ဗျားလို ပါရမီမျိုးနဲ့မွေးလာခဲ့ရင် သိပ်ကောင်းမှာပဲ ”
လို့ပြောပါတယ်။
စန္ဒယား ပါရမီရှင်ဖြစ်သူ ဂျန်ပါအပ်ရက်စကီးက
“ လူတိုင်းမှာ အဲဒီလို ပါရမီမျိုးနဲ့ မွေးလာတာပါ။ 
ကျနော်ကတော့ မွေးရာပါလာတဲ့ ပါရမီကို တကယ်အသုံးပြုခဲ့တာပါ ”
လို့လေးလေးနက်နက်ပြန်ဖြေလိုက်ပါတယ်။

 
 

No comments:
Post a Comment