Wednesday, October 6, 2010

“ အရာရာကို ပြောင်းစေနိုင်တာက သဘောထားပါ…”



တစ်ခါတုန်းက မြို့တစ်မြို့တွင် နေတဲ့ အမျိုးသမီးတစ်ဦးဟာ

ပြူတင်းပေါက်မှကြည့်လိုက်ရာ ထရပ်ကားကြီးတစ်စင်း

သူမရဲ့အိမ်နားတွင် ရပ်နေတာကို တွေ့မြင်ရပါတယ်။

အဲဒီကားပေါ်က လူငါးဦး ခုန်ထွက်လာပြီး

လျှပ်စစ်ဂီတာများ၊ အသံချဲ့စက်များ၊ ဗုံကြီးများနဲ့ တီးဝိုင်းဆိုင်ရာလျှပ်စစ်ပစ္စည်းများကို

ကားပေါ်မှ ချနေတာကို တွေ့ရပါတယ်။


အမျိုးသမီးဟာ မြင်ကွင်းကိုတွေ့ပြီး ဒေါသထွက်နေပါတော့တယ်။

ညဥ့်ဘက်မှာ နားနားနေနေ မအိပ်နိုင်တော့ဘဲ

အဲဒီအိမ်ကလာတဲ့ ဆူညံသံများကြောင့် နားဆူပြီး မအိပ်နိုင်၊ မနားနိုင်ဖြစ်တော့မယ်

လို့ တွေးပြီး ဒေါသထွက်နေခြင်းဖြစ်ပါတယ်။


ခင်ပွန်းအလုပ်မှ ပြန်ရောက်လာတဲ့အချိန်တွင် အော်ပြီးပြောလိုက်တာက

ကျမတို့ ဒီကနေ အမြန်ဆုံးတစ်နေရာရာပြောင်းမှ ဖြစ်တော့မယ်။

မပြောင်းရင် အိမ်နားက တီးသံ၊ မှုတ်သံကြောင့် နားကွဲပြီးသေလောက်တယ်။

လို့ ပြောလိုက်ပါတယ်။


ခင်ပွန်းဖြစ်သူက စိတ်တိုဒေါသထွက်နေတဲ့ ဇနီးသည်အား

ဒီမယ် မိန်းမရယ်မင်းဘာကြောင့်

ဒီလောက်တောင်ဒေါသထွက်နေတာလဲဟင်….

အဲဒီ ဂီတသမားတွေဟာ ဘယ်သူဆိုတာ သိရဲ့လား

လို့ အေးအေးဆေးဆေးမေးလိုက်ပါတယ်။


နောက်ပြီးတော့ ဆက်ပြောတာက

အဲဒီလူတွေဟာ ကမ္ဘာကျော် ဂီတသမားတွေကွ။

ပရိသတ်အများကြီးကို ကမ္ဘာလှည့်ပြီး

ဖျော်ဖြေနေတဲ့ ဂီတသမားတွေပါကွာ။

ဒီလို အနုပညာရှင်တွေနဲ့ အိမ်နီးချင်းဖြစ်ရတာ

ဝမ်းသာ ဂုဏ်ယူစရာတောင် ကောင်းပါတယ်။

သူတို့ရဲ့ ထင်ရှားကျော်ကြားတဲ့ ဂီတသံတွေကို တို့များ

အခမဲ့တောင် နားထောင်ခွင့်ရတော့မှာ….”

လို့ခင်ပွန်းသည်က ရှင်းပြပါတယ်။


ဇနီးသည်ရဲ့ ဒေါသရိပ်လွှမ်းနေတဲ့ မျက်နှာဟာ

ချက်ခြင်းပြောင်းလဲသွားပြီး ပြုံးရွှင်လာပါတော့တယ်။

ချက်ခြင်း တယ်လီဖုန်းဆီကိုပြေးသွားပြီး

သူငယ်ချင်းတွေဆီ ဖုန်းကောက်ဆက်ပါတော့တယ်။

သူငယ်ချင်းတွေကို အိမ်လာလည်ပြီး

ကမ္ဘာကျော်ဂီတပညာရှင်များရဲ့

ဂီတသံများကို လာနားထောင်ဖို့ ဖိတ်ခေါ်နေပါတော့တယ်။


အရာရာကို ပြောင်းစေနိုင်တာကတော့ ကိုယ့်ရဲ့ သဘောထားပါပဲ...


အကောင်းမြင်တဲ့သဘောထားကတော့ ကောင်းတဲ့ အရာကိုဖြစ်ပေါ်စေနိုင်သလို


အဆိုးမြင်တဲ့ သဘောထားကလည်း ဆိုးတဲ့ အရာကိုဖြစ်ပေါ်စေနိုင်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com