Wednesday, October 6, 2010

“ ကြောက်လို့သေကြတာပါ…”



တစ်ခါတုန်းက

ဘုရားဖူးတစ်ဦးဟာ ဘက်ဒက်ကို သွားနေတဲ့ ပလိပ်ရောဂါနဲ့

တွေ့ဆုံပါတယ်။

မင်း အဲဒီကို ဘာသွားလုပ်မှာလဲ

လို့ ဘုရားဖူးက ပလိပ်ရောဂါကိုမေးပါတယ်။

ငါ အဲဒီကို သွားပြီး လူ (၅၀၀၀)ကို သေအောင်သတ်မလို့

လို့ ပလိပ်ရောဂါက

ကြွားဝါပြီးပြောပါတယ်။


အဲဒီအခါ ဘုရားဖူးဟာ အလွန်ကြောက်လန့်တဲ့အတွက်

သူရဲ့မူလအစီအစဉ်ကို ပယ်ဖျက်လိုက်ပါတော့တယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ရောဂါကျရောက်တဲ့ဒေသက

ထွက်ပြေးလာသူတစ်ဦးကို ဘုရားဖူးကတွေ့ခွင့်ရပါတယ်။

ပလိပ်ရောဂါကြောင့် သေဆုံးသူဦးရေမှာ (၅၀၀၀)မဟုတ်ဘဲ

(၅၀၀၀၀)ဖြစ်ကြောင်းသိခဲ့ရပါတယ်။


နောက်များမကြာမီ ဘုရားဖူးဟာ ပလိပ်ရောဂါနှင့်

နောက်တစ်ကြိမ် ထပ်မံတွေ့ပြန်ပါတယ်။

ပလိပ်ရောဂါကို အခြားမြို့ကြီးတစ်မြို့ကို

အသွားလမ်းတွင်တွေ့ဆုံကြခြင်းဖြစ်ပါတယ်။

တွေ့တွေ့ခြင်း ဘုရားဖူးက ပလိပ်ရောဂါကို

ဟေ့ကောင်၊မင်းလိမ်တယ်။

မင်း ငါ့ကိုပြောတော့ လူ (၅၀၀၀)ကိုပဲသတ်မယ်ဆို

လို့ ဘုရားဖူးက ပြောလိုက်ပါတယ်။


ဟုတ်ပါတယ်..မိတ်ဆွေ၊

ကျနော်သတ်တာက လူ (၅၀၀၀)ပါပဲ။

ကျန်တဲ့ (၄၅၀၀၀)ကတော့ ကြောက်ပြီးသေကုန်တာပါ


လို့ ပလိပ်ရောဂါက ညင်ညင်သာသာ ပြန်ဖြေလိုက်ပါတယ်။


အကြောက်တရားကတော့ လူကိုသေစေနိုင်တယ်။

အကြောက်တရားကြောင့် သေခဲ့သူပေါင်း ဘယ်လောက်ရှိပြီလဲဆိုတာတောင်

မခန့်မှန်းနိုင်လောက်အောင်ပါပဲ။

လောကကြီးမှာ ကြောက်စရာဆိုတာ မရှိပါဘူး။

ကြောက်စိတ် ဆိုတာပဲရှိပါတယ်။


ဆင်ခြင်တုံ တရားနဲ့ ကြောက်စိတ် မရှိသူများ ဖြစ်နိုင်ကြပါစေ။


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com