ကမ္ဘာကျော် ကာတွန်းဆရာကြီး ဒစ္စနေအား
သတင်းထောက်များက မေးခွန်းတစ်ခုမေးပါတယ်။
 
“ကျော်ကြားတာ ဘယ်လိုများ ခံစားရပါသလဲခင်ဗျာ”
ကမ္ဘာကျော် ကာတွန်းဆရာကြီး ဒစ္စနေက…
 “ ကျော်ကြားတာ ကောင်းပါတယ်။
ဘောလုံးပွဲလို နေရာမျိုးမှာ
ထိုင်စရာ နေရာကောင်းကောင်းရစေတဲ့အတွက် ကောင်းပါတယ်။
ဒါပေမယ့်  ရုပ်ရှင်ကားကောင်းတစ်ခု ရိုက်ဖြစ်အောင်တော့ 
ကျော်ကြားမှုက ဘာမှ မကူညီနိုင်ပါဘူး။ 
ဝါးတာပိုလို ကစားတဲ့အခါ ဂိုးထဲဘောလုံးဝင်အောင်လည်း 
ကျော်ကြားမှုက မကူညီနိုင်ပါဘူး။
ကုန်ကုန်ပြောရရင် ကျနော်ရဲ့ သမီးငယ်လေးက 
ကျနော့်စကား နားထောင်လာအောင်တောင် ကျော်ကြားမှုက မကူညီနိုင်ပါဘူး။
ကျနော်မွေးထားတဲ့ ခွေးလေးရဲ့ ကိုယ်မှာတွယ်ကပ်နေကြတဲ့ ခွေးသန်းလေးတွေကို 
ကွာကျအောင်တောင် ကျော်ကြားမှုက လုပ်မပေးနိုင်ပါဘူး။
ကျော်ကြားမှုဟာ ခွေးသန်းလေး တစ်ကောင် နှစ်ကောင်လောက်တောင်
မွေးထားတဲ့ခွေးက ကွာကျအောင်လုပ်ပေးနိုင်စွမ်းမရှိဘူးဆိုတော့ 
ကျော်ကြားမှုမှာ မက်စရာဘာမှ မရှိဘူးလို့ပဲ ထင်ပါတယ်။ ”
လို့ ဒစ္စနေ ကပြောပါတယ်။

 
 

No comments:
Post a Comment