ကိုရွှေဟာ အလုပ်ကို 
ထိထိရောက်ရောက်လုပ်တတ်သူတစ်ယောက်တော့မဟုတ်ပါ။
ဒါပေမယ့် အမြဲညည်းတွားတတ်သူတစ်ယောက်ဖြစ်ပါတယ်။
ကံကြမ္မာဟာ အခြားလူတွေကိုတော့ မျက်နှာသာပေးသလောက်
သူ့အပေါ်ကျတော့ ဘယ်တော့မှ မျက်နှာသာမရဘူးလို့ ညည်းတွားလေ့ရှိပါတယ်။
သူ့နောက်မှ ဝင်လာတဲ့ အလုပ်သမားများကို
ရာထူးတွေတိုးမြှင့်ပေးလိုက်တဲ့အခါ ကိုရွှေကမကျေနပ်ပါ။
အဲဒါကြောင့် အထက်အရာရှိရဲ့ ရုံးခန်းကို ကိုရွှေသွားပြီး မကျေမနပ်နဲ့သွားပြောပါတယ်။
ကိုရွှေက…
“ပြောရရင်တော့ ဒီဇာတ်လမ်းဟောင်းကိုပဲ ထပ်ဖွင့်သလို ဖြစ်နေပါပြီ။ 
အခြားသူတွေကတော့ ရာထူးတွေ တိုးကြပါတယ်။ 
ကျနော်အလှည့်က ဘယ်တော့ ရောက်မှာလဲ”
လို့ ပြောလိုက်ပါတယ်။
အထက်အရာရှိက ကိုရွှေကို မော့ကြည့်ပြီး
 “ တွန်းအားကောင်းတဲ့ ရေနွေးငွေ့က 
လေကို 
အစားထိုးသွားတာကို မင်းမသိလိုက်ဘူးထင်တယ်” 
လို့ပြောလိုက်ပါသည်။

 
 

No comments:
Post a Comment