တရားဟော ဓမ္မဆရာငယ်တစ်ဦး ဟာ 
အကျဉ်းထောင်ထဲရှိ အကျဉ်းသားများအား
တရားဟောရန်ပြင်ဆင်ပါတယ်။
 
ဟောသောတရားဟာ အကျဉ်းသားများရဲ့ စိတ်နှလုံးကို
သိမ်းကျုံးယူနိုင်အောင် ထိထိရောက်ရောက် 
ဘာပြောရမလဲ ဆိုတာ စဉ်းစားပါတယ်။ 
အကျဉ်းစခန်းထဲကို ဝင်လိုက်တာနဲ့တစ်ပြိုင်နက်
အကျဉ်းကျနေသူများအားလုံးရဲ့ ဝိုင်းကြည့်တဲ့ဒဏ်ကို ခံရပါတယ်။
တရားဟောရမယ့် စင်ကို သွားစဉ် 
သူဟာ စိတ်ထဲမှ အသံတိတ် ဆုတောင်းသွားပါတယ်။
 
ဒုတိယ လှေခါးဆင့်သို့ တက်ရာတွင် 
လှေခါးထစ်နဲ့ တိုက်မိပြီး ကြမ်းပြင်ပေါ်သို့
 မှောက်ရက်သားကျသွားပါတော့တယ်။ 
ပရိသတ်က ဝါးကနဲ ရယ်မောကြပါတယ်။
တရားဟော ဓမ္မဆရာလေးဟာ
 နာလည်းနာ၊ ရှက်လည်းရှက် တဲ့အတွက် ခဏကြာတဲ့အထိ 
ဘာမှ မပြောနိုင်အောင် ဖြစ်ခဲ့ရပါတယ်။
ချက်ချင်းပင်းစိတ်ကူးတစ်ခု ပေါ်လာပါတယ်။ 
သူဟာ ထခုန်ပြီး လှေခါးထစ် (၂)ထစ်ကို 
တစ်လှမ်းတည်းဖြင့် တက်လိုက်ပြီး 
သူ့ကို ဝိုင်းရယ်ကြသူများဘက်လှည့်ပြီး 
တဟားဟားရယ်လိုက်ပါတယ်။
ပြီးတော့ ပရိသတ်အား
အခုလာရင်းကိစ္စက အခုဖြစ်ခဲ့တာနဲ့ တစ်ထပ်တည်း ပါပဲ။ 
လူတစ်ယောက်ဟာ မှောက်ရက်လဲကျပေမယ့်
ပြန်ထရင် ရတယ်ဆိုတာ 
ကျနော်ပြောပြချင်လို့ ဒီကို လာခဲ့တာပါ ”
လို့ ပြောလိုက်ပါတယ်။

 
 

No comments:
Post a Comment