Wednesday, October 6, 2010

“ သေခြင်းတရားဟာ ဘဝကို အဓိပ္ပါယ်ရှိစေသလား…”



အသက် (၂၀) အရွယ် အမျိုးသမီးငယ်တစ်ဦးဖြစ်သူ

အင်လင်နာ ဖရင့်ခ်ျ ဟာ နှလုံးရောဂါပြင်းထန်စွာဖြစ်နေတဲ့အတွက်

ဆရာဝန်ကြီးတွေက သူမကို

နောက်ထပ် -လသာအသက်ရှင်နိုင်တော့မယ်လို့ပြောထားပါတယ်။

အဲဒီအခါ သူမဟာ ချီလီနိုင်ငံ၊ စင်တီယာဂိုမြို့ရှိ သူမရဲ့ ရုံးလုပ်ငန်းကိုစွန့်လွှတ်ပြီး၊

ဆင်းဆင်းရဲရဲနေထိုင်ရတဲ့ ပျံကျလူများအတွက်

လူမှုဖွံ့ဖြိုးရေးလုပ်ငန်းမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ရန် ဆုံးဖြတ်လိုက်ပါတယ်။


ငါတော့ အဲဒီနည်းနဲ့ ပျော်ပျော်နေပြီး ပျော်ပျော်သေမယ်

လို့ အင်လင်နာက သူမရဲ့ သူငယ်ချင်းတွေကို ပြောပြခဲ့ပါတယ်။

အင်လင်နာ ဖရင့်ခ်ျဟာ လူမှုဖွံ့ဖြိုးရေး စေတနာဝန်ထမ်းလုပ်ငန်းတွင်

ထိထိရောက်ရောက်ကြိုးစားလုပ်ကိုင်လွန်းတဲ့အတွက်

သူမလုပ်ကိုင်နေတဲ့ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်းကို

ပြောပြဖို့အတွက် နယူးယောက်မြို့ကိုဖိတ်ခေါ်ခြင်းခံရပါတယ်။

နယူးယောက်မှာ နာမည်ကျော် နှလုံးအထူးကု ဆရာဝန်ကြီးနှင့် တွေ့ခွင့်ရပြီ

သူမရဲ့နှလုံးကို အောင်မြင်စွာ ခွဲစိတ်ကုသခွင့်ရခဲ့ပါတယ်။


အခုအခါမှာတော့ အင်လင်နာ ဖရင့်ခ်ျဟာ

တောင်အမေရိကမှာ ဆက်လက်အလုပ်လုပ်နေပါတယ်။

လူမှုအသိုင်းအဝိုင်းရဲ့အစွန်အဖျားမှာ

ရောက်နေကြတဲ့ဆင်းရဲနွမ်းပါးသူများးကို ကူညီနေပါတယ်။

သူမ မျှော်လင့်ခဲ့တာက သေခြင်းတရားဖြစ်တယ်။

သူမရဲ့နှလုံးရောဂါကိုခွဲစိတ်ကုသဖို့ မျှော်လင့်ခဲ့ခြင်းမဟုတ်ပါ။

သေခြင်းကို မျှော်လင့်ထားတဲ့အတွက်

အဲဒီမျှော်လင့်ချက်ဟာ သူမရဲ့ဘဝတွင် ဦးတည်ချက်လမ်းကြောင်းကို ပြောင်းစေခဲ့ပါတယ်။


တကယ်လို့သာ သင်ဟာ

နောက်ထပ် - လောက်သာ

အသက်ရှင်ခွင့်ရတော့မယ်ဆိုရင် သင် ဘာလုပ်ဖို့ ဆုံးဖြတ်မှာလဲ..

ဒီမေးခွန်းကို ဖြေဆိုရာမှာတော့ တစ်ယောက်နဲ့တစ်ယောက်ဖြေဆိုပုံ ကွာခြားနိုင်ပါတယ်။

ဖြေဆိုပုံမှာ လူတစ်ယောက်ချင်းရဲ့

သေခြင်းဆိုတာ ဘာလဲ

ဆိုတဲ့ နားလည်လက်ခံမှုပေါ်တွင် မူတည်နေလိမ့်မယ်လို့ထင်မိပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com