Friday, December 10, 2010

“ ရဟန္တာဆိုတာ…”



တစ်ခါတုန်းက မင်းကွန်းတိပိဋက ဆရာတော်ကြီး

မြို့နယ်တစ်ခုကို တရားဟောကြွရာ

တည်းခိုအိမ်မှ ဒကာက ဆရာတော်ကြီးကို

ခရီးရောက်မဆိုက် လျှောက်ထားပါတယ်။

ဆရာတော်ဘုရား၊

မနေ့ညက အိမ်မက်ထဲမှာ တပည့်တော်ကို

ဝတ်ဖြူစင်ကြယ်နဲ့လူတစ်ယောက်က

ပြောတယ်ဘုရား၊

မနက်ဖြန် သင့်အိမ်ကို ရဟန္တာတစ်ပါး ကြွလာလိမ့်မယ်။

သေချာပြုစုဆည်းကပ်ပါ တဲ့။

အဲဒါ ဒီနေ့မနက် ဆရာတော်ဘုရားကြွလာတာပဲဘုရား

အဲဒီအခါ ဆရာတော်က ပြောင်းဖူးဖက်ဆေးလိပ်ကို

အကပ်ခံပြီး မီးညှိကာ အားရပါးရ ဖွာရှိုက်သောက်လိုက်ပါတယ်။

ပြီးတာနဲ့ ပြောလိုက်တာက


ဒကာ….

ရဟန္တာဆိုတာ အခုလို အပိုဗာဟီရကိစ္စတွေ မလုပ်ဘူး။

သေသေချာချာမှတ်ထား

လို့ အမိန့်ရှိလိုက်ပါတယ်။


ဒကာတွေက ကိုယ်ကိုးကွယ်တဲ့ ဆရာတော်ဘုရားတွေရဲ့

သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေကို ကြည်ညိုရင်းကနေ

ဆရာတော်တွေကို ဂုဏ်တင်ချင်တာနဲ့ ပိုပြောတာတွေ ရှိတတ်ကြပါတယ်။

အဲဒီအခါ ဆရာတော်တွေကလည်း ရိုးသားတဲ့ဂုဏ်အတိုင်း

တပည့်ဒကာတွေ မမှားသင့်တာ မမှားရလေအောင်

နည်းမျိုးစုံနဲ့ အမှန်အတိုင်းပြောတတ်၊

ပြတတ်တာလေးကို ကြည်ညိုပြီး

ဒီအကြောင်းကို တင်ပြလိုက်ခြင်းဖြစ်ကြောင်းပါခင်ဗျား။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com