Friday, December 10, 2010

“ မေတ္တာရှိရင် အကောင်းမြင်…”



ကျောက်ဆည်မှဝေဘူဆရာတော်ဘုရားကြီး

ထင်ရှားစဉ်အခါက ပင်ဖြစ်၏။

အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များသည်

ဆရာတော်ကြီးကို နေ့စဉ်

လူအုပ်ကြီးရာထောင်ချီ၍ လာရောက်ဖူးမြော်နေချိန်ပင်ဖြစ်၏။

တစ်ခါတွင် မိသားစုတစ်စုသည်

နွားလှည်းကြီးဖြင့်လာရောက်ဖူးမျှော်ကြ၏။

ပြန်သောအခါ သူတို့နွားများယိုချခဲ့သော

နွားချေးများကို ကျုံးပစ်ချိန်မရခဲ့ပေ။

မကောင်းမြင်ဝါဒရှိသော

ကပ္ပိယတစ်ယောက်က

ထိုနွားချေးပုံကြီးကို မြင်လိုက်သောအခါ-

အလကားလူတွေ၊

ဆရာတော်ကြီးကိုတော့ လာဖူးချင်ကြတယ်။

သူတို့နွားတွေက ယိုချတဲ့မစင်တွေကိုတော့

မသိမ်းချင်ကြဘူး

ဟု မြည်တွန်တောက်တီးလိုက်သည်။

ထိုအခါ အကောင်းမြင်ဝါဒရှိသော

ဆရာတော်ကြီးက ထိုအသံကို

ကြားသွားသောအခါ

ယခုလိုချက်ချင်းပြန်ပြောလိုက်သည်။

ဟာ - ဒကာကြီးနှယ်၊

အဲဒါ သူတို့ကို ကျေးဇူးတင်ရမှာ။

ဘာကြောင့်လဲဆိုတော့

မစင်ပုံကို သူတို့ကျုံးပစ်ရင် သူတို့ ကုသိုလ်ရမယ်။

ကိုယ်ကျုံးတော့ကိုယ်ကုသိုလ်ရမယ်။

ကိုယ်ကုသိုလ်ရအောင် ထားပစ်ခဲ့တာလို့ မှတ်ပြီး၊

သူတို့ကိုကျေးဇူးတင်လိုက်စမ်းပါ။

ဖယ်ပါ၊ ဖယ်ပါ၊

ဒကာကြီးမကျုံးချင်ရင် ဘုန်းကြီးကျုံးလိုက်ပါ့မယ်


ထိုသို့ပြောပြီး ဆရာတော်က

နောက်ချေးပုံနားသို့ကြွလာရာ

ထိုအခါမှ ကပ္ပိယမှာသူ၏

မကောင်းမြင်ဝါဒကို သတိထားမိသွားကာ

တပည့်တော်မှားပါတယ်ဘုရား

ဟုလျှောက်ပြီး

နွားချေးပုံကိုချက်ချင်းထကျုံးလိုက်လေတော့သည်။

ကိုယ့်နွားကယိုချတဲ့ နွားချေးကိုတောင်

ကျုံးမသွားဘူးဟု နှလုံးသွင်းခြင်းသည်

မကောင်းမြင်ဝါဒဖြစ်သည်။

အယောနိသောမနသီကာရဖြစ်သည်။

ထိုကြောင့် နွားချေးပုံကို မြင်ရသောကာလမှာ

အကုသိုလ် ဖြစ်ရသည်။


နွားချေးပုံကို

ငါကျုံးခွင့်ရတော့ ငါပဲကုသိုလ်ရမှာပါလားလို့

နှလုံးသွင်းခြင်းသည် အကောင်းမြင်ဝါဒဖြစ်သည်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com