Friday, December 10, 2010

“ မိမစစ်၊ဖမစစ်…”



တစ်ခါတုန်းက

ကုန်သည်တစ်ယောက်ဟာ ကုန်ကူးသွားရင်းနဲ့

ကြက်မတစ်ကောင်ကို ယူဆောင်လာပါတယ်။

အဲဒီကြက်မဟာ တောင်ပိုင်းဒေသကိုရောက်တဲ့အခါ

ကျီးဖိုတစ်ကောင်နဲ့ ပေါင်းဖက်ပြီး

သားလေးတစ်ကောင် ဖွားလာပါတယ်။

အဲဒီ ကျီးကြက်လေးဟာသူ့အဖေ ကျီးကို အဦးမူပြီး

မြည်ချင်ရင်

အာကလိအောက်

လို့မြည်တွန်တယ်။

အမေကြက်မကို အဦးမူပြီး မြည်ချင်ရင်

အောက်ကလိအာ

လို့ မြည်တွန်တယ်။


ဟိုမရောက်၊ဒီမရောက်

ဘာမှကောင်းကျိုးမရှိတဲ့သူ၊

ဟိုမရောက်၊ဒီမရောက်

ဘာမှကောင်းကျိုးမရှိတဲ့စကား၊

ကိုပြောတတ်ရင်

အဲဒီလူဟာ ကျီးကြက်ပါပဲ

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com