Friday, December 10, 2010

“ စေတနာအကျိုးပေး…”



အလုပ်လက်မဲ့တွေ ပေါသောကာလက

ပိုက်ဆံ တစ်ထောင်သာရှိသောလူတစ်ယောက်ရှိပါတယ်။

တနင်္ဂနွေ ဝတ်ပြုပွဲတွင် အလှူခံသေတ္တာထဲကို

ငွေ ငါးရာကျပ်ကို ထည့်လိုက်ပါတယ်။

သူ့ရဲ့ပိုင်ဆိုင်တဲ့ ငွေရဲ့ တစ်ဝက်ကို လှူလိုက်ခြင်းဖြစ်ပါတယ်။

နောက်တစ်နေ့နံနက်မှာတော့ သူနေတဲ့မြို့တစ်မြို့မှာရှိတဲ့ နေရာမှာ

အလုပ်ရှာဖို့ထွက်ခဲ့ပါတယ်။

ကားခမှာ တစ်ထောင်ကျပ်ဖြစ်နေတဲ့အတွက် သူမတတ်နိုင်ပါ။

တကယ်တော့ သူ့မှာ ကျန်ငွေက ငါးရာကျပ်သာ။

ဒါကြောင့် ခရီးတစ်ဝက်ကိုသာ ကားစီးပြီး

ကျန်ခရီးတစ်ဝက်ကိုလမ်းလျှောက်သွားရပါတယ်။

အလုပ်ရလိုရငြား သွားခဲ့ခြင်းဖြစ်ပါတယ်။

ဘုရားက သူ့အတွက် ကံကောင်းခြင်းများ ဆောင်ကျဉ်းလာပါတယ်။

လမ်းခရီးတွင် စက်ရုံတစ်ရုံကို ဖြတ်သွားစဉ်

အလုပ်သမားအလိုရှိတယ်

ဆိုင်းပုဒ်ကိုတွေ့တော့ ဝင်စုံးစမ်းကြည့်ပါတယ်။

တစ်နာရီအတွင်းမှာပင် တစ်လကို ငါးသောင်းကျပ်ရတဲ့အလုပ်တစ်ခုကိုရခဲ့ပါတယ်။

ဒီအလုပ်ဟာ သူ့ရဲ့မြို့မှာ အလုပ်မှာထက် ဝင်ငွေကောင်းတဲ့အလုပ်ဖြစ်နေပါတယ်။

တကယ်တန်းပြန်စဉ်းစားကြည့်တဲ့အခါမှာတော့

သူရတဲ့အခုတစ်လဝင်ငွေဟာ

သူလှူခဲ့တဲ့ဝင်ငွေရဲ့ အဆတစ်ရာဖြစ်နေတာကို တွေ့ရပါတယ်။


အဲဒီလူဟာ ဒီလိုနည်းနဲ့ပဲ အဲဒီအလုပ်ရုံမှာ

အလုပ်ကို သမ္မာအာဇီဝနည်းနဲ့ကြိုးစားရာက

ရာထူးတစ်ဆင့်ပြီးတစ်ဆင့်တက်သွားရာ

နောက်ဆုံးမှာစက်ရုံပိုင်ရှင်ဖြစ်သွားခဲ့ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com