Friday, December 10, 2010

“ ဉာဏ်ရှိတော့…”



တစ်ခါတုန်းကသစ်ခွဲသမားတစ်ဦးဟာ
သူရဲ့လက်ပတ်နာရီ ပျောက်သွားတဲ့အတွက်
သစ်ခွဲသားများအကြားတွင် လည်းကောင်း၊
လွှစာမှုန့်များအားလှန်လှော၍လည်းကောင်း၊
လိုက်ရှာပါတယ်။
ဒါပေမယ့် နာရီကိုမတွေ့ပါ။
မိတ်ဆွေများကပါ ဝိုင်းရှာပေးကြပါတယ်။
ဒါပေမယ့် မတွေ့ပါ။
သစ်ခွဲအလုပ်သမားများ အားလုံးနေ့လည်စာ ထမင်းပြန်စားကြသောအခါ
သစ်ခွဲသမားတစ်ဦးရဲ့ သားငယ်လေးဟာသစ်ခွဲစက်ထဲကို ဝင်လာပါတယ်။
သူက ငြိမ်ငြိမ်လေးဝင်ပြီး ရှာရာ ပျောက်နေတဲ့ နာရီကို ခဏအတွင်းမှာပင်
ပြန်တွေ့ပါတယ်။
နာရီပိုင်ရှင်က နာရီပြန်ရတဲ့အတွက် အလွန်အံ့သြပြီး  
သူ့သားကို
သား ဘယ်လိုရှာတွေ့သလဲ
လို့မေးပါတယ်။

သားက သစ်ခွဲစက်ထဲဝင်ပြီး သစ်ခွဲမှုန့်တွေပေါ်မှာ
အသာလေးငြိမ်ငြိမ်လေး လှဲပြီး နားထောင်လိုက်ပါတယ်။
အားလုံး ငြိမ်နေတော့ နာရီဆီက
တစ် တစ် တစ် မြည်သံကို
ချက်ခြင်းကြားရပါတယ်။
ကြားတဲ့နေရာကို သွားရှာလိုက်တော့ တွေ့တာပေါ့
လို့ကလေးငယ်က ပြောပြပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com