Friday, December 10, 2010

“ သိပ်ကံကောင်းတဲ့လူပဲ…”



တစ်နေ့ညအမှောင်ထုတွင်

ကျွန်ုပ်ဟာ ဘတ်စ်ကားစောင့်နေမိပါတယ်။

မိုးတွေကလည်း ရွာနေပါတယ်။

အဲဒီအချိန်မှာ သူ့ခြေကို ပုံမှန်မလှမ်းနိုင်တဲ့အမူးသမားတစ်ဦးရောက်လာပါတယ်။

သူ့လက်ထဲက ဘီယာဘူးခွံနဲ့ ကျွန်ုပ်ရဲ့ ရင်ဘတ်ကို ပုတ်ပြီးဘီယာမူးနေတဲ့အသံဖြင့်

ခင်ဗျား ဘုရားသခင်ကို ယုံလား

လို့ လာမေးပါတယ်။

အဲဒီအချိန်မျိုးမှာ အမူးသမားတစ်ဦးဆီက ကြားရတဲ့မေးခွန်းမှာ

တော်တော်ကန့်လန့်နိုင်လှပါတယ်။

သူဟာ တမင်နောက်ပြောင်နေတာလား၊

တမင်ကန့်လန့် မေးခွန်းမျိုးမေးနေတာလား၊

ပြန်ပြောရင် ဘာမှ အကျိုးမရှိဘူးလို့ ထင်တဲ့အတွက်

အမူးသမားကို ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ပါ။

ဒါပေမယ့် အမူးသမားက ကျနော့်မျက်နှာကို စေ့စေ့ကြည့်ပြီး

မေးနေတဲ့အတွက် ပြန်မဖြေလို့ မဖြစ်တော့ပါ။

အဲဒါကြောင့် ချက်ချင်းပင်

ယုံပါတယ်

လို့ ကျွန်ုပ်က ပြန်ဖြေခဲ့ပါတယ်။

အဲဒီလို ဖြေပြီးနောက်၊

နောက်ထပ်ပိုဆိုးတဲ့မေးခွန်းများကို ထပ်ဖြေဖို့ ပြင်ဆင်ထားပါတယ်။

ဥပမာအားဖြင့်

ကဲယုံရင် ဘုရားသခင်ကိုပြပါ

ဆိုတဲ့တောင်းဆိုမှုမျိုးဖြစ်ပါတယ်။

ဒါပေမယ့် အမူးသမားဟာ သူ့ကိုယ်သူဟန်ချက်မိအောင်

ပြုပြင် ရပ်လိုက်ပါတယ်။

အဲဒီနောက် ကျွန်ုပ်ရဲ့ မျက်နှာကို သေသေချာချာကြည့်ပြီး

အိုခင်ဗျားဟာ သိပ်ကံကောင်းတဲ့လူပဲ

လို့ပြောလိုက်ပါတယ်။

Ref; ( Ludolf Ulrich )

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com