Thursday, December 9, 2010

“ ဆိုကရေးတီး နဲ့ အင်္ဂဝိဇ္ဇာ…”


တစ်ခါတုန်းက

ဆိုကရေးတီးဆိုသူ အတွေးအခေါ်ပညာရှင်တစ်ဦးရှိပါတယ်။

ဆိုကရေးတီးဟာ စိတ်နေသဘောထားပြည့်ဝပေမယ့်

ရုပ်ကအလွန်ဆိုးတယ်လို့ဆိုပါတယ်။

သူရဲ့နှာခေါင်းတိုပြီး၊ ကြီးနေပါတယ်။

တစ်နေ့မှာတော့

ရုပ်ဆင်းအင်္ဂါကို ကြည့်ပြီးစိတ်နေသဘောထားနဲ့

အကျင့်စာရိတ္တကို မှန်အောင်

ဟောပြောနိုင်သူ အင်္ဂဝိဇ္ဇာတစ်ဦးနဲ့ဆိုကရေးတီးတို့တွေ့ကြပါတယ်။

အင်္ဂဝိဇ္ဇာက သူရဲ့ပညာစွမ်းကို ပြချင်တာနဲ့

ဆိုကရေးတီးကို ကြည့်ပြီးဟောကိန်းထုတ်ပါတယ်။


ခင်ဗျားလို ဥပဓိရုပ်မျိုးဟာ

တဏှာရူးရုပ်မျိုးဖြစ်တယ်။

အလိုရာဂကြီးသူဖြစ်တယ်

ဒီတော့ ဆိုကရေးတီးရဲ့အနားမှာ ရှိနေတဲ့ တပည့်တွေက ရီကြတယ်။

ခင်ဗျားပြောတာမှားတယ်

လို့ ဝိုင်းပြောကြတာပေါ့။


ဆိုကရေးတီးက

သူပြောတာမှန်ပါတယ်။

မမှားပါဘူး၊

တကယ်တော့ သူပြောသလို မဖြစ်တာကတော့

အဲဒီ တဏှာရာဂကြီးတဲ့စိတ်ကို ထိန်းသိမ်းနိုင်ခဲ့လို့

တပည့်တွေရဲ့ ဆရာတစ်ဆူ ပညာရှိကြီး ဖြစ်ခဲ့ရတာပါ

လို့ ပြန်ဖြေခဲ့ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com