တစ်ခါတုန်းက 
မွေးပြီးတစ်နှစ်လောက်ကြာမှ 
မိမိတို့ရဲ့ သားသမီးများ လမ်းစလျှောက်နိုင်ကြပြီး၊
နွား၊ မြင်း၊ သိုးစတဲ့တိရ စ္ဆာန်တို့ရဲ့
ကလေးတွေကျတော့ 
မနက်မွေးပြီးရင်
 ညနေပိုင်း မှာပင် လမ်းစလျှောက်နိုင်ကြတာကို
မြင်ကြရတဲ့ မိန်းမများက 
တရားမျှတမှု မရှိလို့ယူဆတဲ့အတွက် 
သိကြားမင်းဆီကို အရေးဆိုဖို့ 
ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်ကြတယ်။
အဲဒီကိုယ်စလှယ်အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ကိုတော့ 
မစိန်ကြိုင်ကို အများသဘောတူရွေးချယ်ကြတယ်။
အဓိက တောင်းဆိုချက်ကတော့
မိမိတို့ကို တိရ စ္ဆာန်မများနဲ့
တစ်တန်းတည်းထားရေးဖြစ်ပါတယ်။
အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ မစိန်ကြိုင်ဟာ
အသွက်ဆုံး၊အာအကျယ်ဆုံး၊ 
အကြောက်အလန့်အနည်းဆုံး၊ ဖြစ်တာမို့
မစိန်ကြိုင်ပြောတဲ့ တန်းတူအခွင့်အရေးကို
သိကြားမင်းက
သေသေချာချာ လက်ခံနားထောင်ပါတယ်။
ကျန်တဲ့ကိုယ်စလှယ်အဖွဲ့ဝင်တွေကတော့ 
အခန်းရဲ့အပြင်ကနေပြီးနားစွင့်နေကြပါတယ်။
မစိန်ကြိုင်ရဲ့ ရှင်းလင်းချက်ကို
သကြားမင်းကြားပြီးတဲ့အခါမှာတော့
 
သကြားမင်းက..........
 
“ ကိုင်း မင်းတို့ ဖြစ်ချင်တဲ့အတိုင်း ဖြစ်စေရမယ်၊ 
ဒါပေမယ့် စည်းကမ်းချက်တစ်ခု ထားမယ်၊
မိန်းမတွေဟာ တိရစ္ဆာန်များနည်းတူ 
တစ်နှစ်မှာတစ်ခါပဲ မေထုန်မှီဝဲကြရမယ် ”
   
အဲဒီအချိန်မှာ 
အခန်းအပြင်မှာရှိနေကြတဲ့ 
ကိုယ်စလှယ်အဖွဲ့ဝင် အမျိုးသမီးထုကြီးက 
သံပြိုင်အော်လိုက်တာကတော့...့ 
“ စိန်ကြိုင်ရေ... 
သဘောမတူနဲ့ဟေ့ ”

 
 

1 comment:
ဟားဟားးး
Post a Comment