Monday, October 4, 2010

“ ကြင်နာတတ်သူ….. ”



ဂျွန်ဝက်စလေရဲ့ ဘဝမှာ လိုက်နာတဲ့ စည်းကမ်းရှိပါတယ်။

အဲဒါကတော့...


သူ စုနိုင်သမျှ စုဆောင်းပြီး၊

သူ စုဆောင်းရသမျှကို ပေးကမ်းမယ်


ဆိုတဲ့ စည်းကမ်းဖြစ်တယ်။

ဂျွန်ဝက်စလေ အောက်စဖို့ဒ် တက္ကသိုလ်မှာ

နေစဉ်က သူရဲ့ ဝင်ငွေမှာ တစ်နှစ်လျှင် ပေါင် ၃၀ ဖြစ်ပါတယ်။

သူက ၂၈ ပေါင်ကိုသာ သုံးပြီး ကျန် ပေါင်ကို လှူဒါန်းခဲ့ပါတယ်။

အောက်စဖို့ဒ် တက္ကသိုလ် ကထွက်ပြီးနောက်မှာ

သူရဲ့ ဝင်ငွေဟာ တစ်နှစ်အတွက်

ပေါင် ၆၀၊

နောက် ပေါင် ၁၀၀၊

နောက် ပေါင် ၁၂၀ အထိ

တိုးလာသော်လည်း သူ့အတွက် ၂၈ ပေါင်ကိုသာသုံးပြီး

ကျန်ဝင်ငွေအားလုံးကို ပေးကမ်းလှူဒါန်းခဲ့ပါတယ်။

အိမ်ထောင်စုအလိုက် ငွေထည်ပစ္စည်းများ ပိုင်ဆိုင်မှုကို စစ်ဆေးတဲ့အရာရှိကြီးက

ဂျွန်ဝက်စလေမှာ ရှိတဲ့ ငွေထည်ပစ္စည်းများနဲ့ ပတ်သက်ပြီး အစီရင်ခံစာ တင်ပြဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီအခါ ဂျွန်ဝက်စလေရဲ့ ပြန်ကြားချက်မှာ….


ကျနော်မှာ လန်ဒန်တွင် ငွေဇွန်း ()ချောင်းရှိပါတယ်။

ဘရစ်စတိုတွင် ငွေဇွန်း ()ချောင်းရှိပါတယ်။

အဲဒါတွေကတော့ လက်ရှိ ကျနော်မှာရှိတဲ့ ငွေထည်ပစ္စည်းတွေ ဖြစ်ပါတယ်။

ဒီ့ထက်ပိုပြီး ဝယ်ယူခြင်းမရှိခဲ့ပါ။

ကျနော့် ပတ်ဝန်းကျင်က လူတွေ ငတ်ပြတ်နေတဲ့အချိန်မှာ

စားစရာလိုတဲ့အချိန်မှာ

ကျနော့်အတွက် ငွေထည်တွေ မလိုအပ်ပါဘူး။

ငွေထည်တွေမဝယ်ဖြစ်ပါဘူး။

လို့ရေးသားခဲ့ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com