Monday, October 4, 2010

“ အချက်ပေါင်း များစွာ....”



ကျနော်ဟာ ဘာမှ လုပ်လို့ကိုင်လို့အဆင်မပြေတဲ့အတွက် စိတ်ညစ်ညစ်နဲ့

ကျောက်တုံးကြီးကို ထုခွဲဖြတ်တောက်နေတဲ့ ကျောက်ဖြတ်သမား

အလုပ်လုပ်နေတာကို သွားကြည့်ခဲ့ဖူးပါတယ်။

ကျောက်တုံးကြီးက အင်နဲ့အားနဲ့ ထုနေလေရဲ့။

တစ်ချက်…...

နှစ်ချက်…....

သုံးချက်…....

အကြိမ်ပေါင်းများစွာ ထုခွဲသော်လည်း ကျောက်တုံးကြီးမှာ အက်ရာမျှပင်မပေါ်ပါ။

ကျောက်ဖြတ်သမားကလည်း စိတ်မပျက်ပါ။

အချက်ပေါင်းတစ်ရာလည်းအက်ရာမပေါ်ပေမယ့်

အချက်ပေါင်း တစ်ရာနှင့် တစ်ချက်မြောက်မှာတော့

အဲဒီကျောက်တုံးကြီးဟာ နှစ်ပိုင်းကွဲသွားပါတော့တယ်။

အဲဒီလို ကွဲသွားတဲ့ရလဒ်ဟာ နောက်ဆုံးတစ်ချက်တည်းကြောင့် မဟုတ်မှန်း

ကျနော်သဘောပေါက်သွားပါတယ်။

အဲဒီနောက်ဆုံးတစ်ချက်မတိုင်မီက ပြုလုပ်ခဲ့တဲ့ အချက်ပေါင်းများစွာကြောင့်ဖြစ်ပါတယ်။


ဒီလိုပါပဲတစ်ကြိမ်တည်းနဲ့မအောင်မြင်တိုင်း

စိတ်ပျက်စရာမဟုတ်ဘူးဆိုတာကို သဘောပေါက်ပြီး ဆက်ကြိုးစားဖို့ပါပဲ။

ဆက်ကြိုးစားရမယ်လို့နားလည်လာပါတယ်။

ကျနော်ပြန်လာတော့ စိတ်လက်ပေါ့ပါးလန်းဆန်းနေပါပြီ။


ဆက်ကြိုးစားပါ။

ဘာဘဲဖြစ်ဖြစ် ဆက်ကြိုးစားပါ။

မနားမနေ ကြိုးစားပါ။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com