တစ်ခါတုန်းက ပညာရှိလို့ထင်ရှားတဲ့ ဆော်လမွန်ဘုရင်ကြီးဆီကို
 ရှီဗာဘုရင်မက နှင်းဆီပန်းခွေ နှစ်ခွေ ဆက်သလိုက်ပါတယ်။ 
တစ်ခွေက အစစ်အမှန်ဖြစ်ပြီး နောက်တစ်ခွေက အတုဖြစ်ပါတယ်။ 
ဒါပေမယ့် အစစ်နဲ့အတုကတော့ ခွဲခြားလို့မရအောင် တူနေပါတယ်။ 
ဆော်လမွန်ဘုရင်ကြီးက ပန်းခွေအစစ်နဲ့အတုကို ခွဲခြားပြပေးရန်
ဆက်သလိုက်ခြင်းဖြစ်ပါတယ်။ 
ဆော်လမွန်ဘုရင်ကြီးဟာ ပြူတင်းပေါက်များကို ဖွင့်လိုက်ပါတယ်။
မကြာခင်မှာပင် ပျားများဝင်လာပါတော့တယ်။
 ပျားများကတော့ တကယ့် နှင်းဆီအစစ်အပေါ် လာနားကြပါတယ်။
ဒီလိုနည်းနဲ့ နှင်းဆီ အစစ်ကိုခွဲခြားပြလိုက်ပါတယ်။
ဉာဏ်နည်းရင် ဒုက္ခများတတ်ပါတယ်။ 
ဉာဏ်များရင် ဒုက္ခနည်းတတ်တာသဘာဝပါပဲ။
ဉာဏ်များအောင်၊ 
ဉာဏ်ကောင်းအောင် 
သူသူငါငါ...........ကြိုးစားအားထုတ်နိုင်ကြပါတယ်။

 
 

No comments:
Post a Comment