Monday, October 4, 2010

“ လမ်းပြအလင်းရောင်…”


ကျနော်ဟာ ညဥ့်အချိန်တွင် အိမ်ကို ဦးတည်ပြန်လာပါတယ်။

လမ်းခရီးတွင် ပိန်းပိန်းချမှောင်နေတာကို တွေ့ရပါတယ်။

အမှောင်ထုကြီးလွန်းတဲ့အတွက် ဘေးကိုတောင် လုံးဝမမြင်ရပါ။

ကျနော့်မှာ လက်နှိပ်ဓါတ်မီး၊ မီးအိမ်၊ ဖရောင်းတိုင်စတဲ့

အလင်းပေးနိုင်တဲ့ ပစ္စည်းဆိုလို့ ဘာမှပါ လာပါဘူး။

အဲဒီအချိန်မှာ မိုးထစ်ချုန်းသံနှင့်အတူ မုန်တိုင်းကျလာပါတော့တယ်။

မုန်တိုင်းနှင့်အတူ လျှပ်စီးလင်းလက်မှုများဖြစ်လာပါတယ်။

လျှပ်စီးလက်တဲ့အခိုက်အတန့်မှာ

ခရီးသွားဖို့ ရှေ့ခြေတစ်လှမ်း လှမ်းနိုင်တဲ့အချိန်ဖြစ်ပါတယ်။

လျှပ်စီးလက်လိုက်တိုင်း ရှေ့ကိုတိုး၍ တိုးကာလှမ်းခဲ့ပါတယ်။

ဒီလိုနည်းနဲ့ အိမ်ကို ရောက်တဲ့အထိ ခရီးဆက်ခဲ့ပါတယ်။

ဒီလိုခရီးမဆက်ပဲ မှောင်တဲ့အကြောင်းပြချက်နဲ့

နေရာမှာ ရပ်နေပါက အိမ်ကို ရောက်တော့မှာ မဟုတ်ပါ။


အခြေအနေတိုင်းမှာ အခက်အခဲတွေ ရှိနေတတ်ပါတယ်။

အခက်အခဲတိုင်းမှာလည်း အကောင်းအဆိုးတွေရှိနေပြန်ပါတယ်။

အကောင်း၊အဆိုးတွေကို ဉာဏ်မျက်စိနဲ့ကြည့်ပြီး အသုံးချနိုင်ပါတယ်။

လူတိုင်းမှာ သတိ၊ဉာဏ်ရှိနေရင် အဆိုးကို အကောင်းဖြစ်အောင်လုပ်နိုင်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com