Monday, October 4, 2010

“ ဖန်တီးတတ်သူ…”



အမျိုးသမီးတစ်ဦးဟာ မင်ကွက်ကြီးထောင့်နားတွင်

စွန်းထင်းနေတဲ့ လက်ကိုင်ပဝါတစ်ထည်ကို ရပ်စကင် အားပြပါတယ်။

လက်ကိုင်ပဝါမှာ လှပတန်ဖိုးကြီးတဲ့အမျိုးအစားဖြစ်ပါတယ်။

မင်ကွက်ကြီး စွန်းပေသွားသဖြင့်

စိတ်ညစ်လိုက်တာ..”

လို့အမျိုးသမီးက ပြောပါတယ်။

အခုဆိုရင် ဒီလက်ကိုင်ပဝါက ဘာမှ တန်ဖိုးမရှိတော့ပါဘူး။

လုံးဝပျက်စီး ဆုံးရှုံးသွားပါပြီ

လို့ ဆက်လက်ညည်းတွားပါတယ်။


ရပ်စကင်ဟာ ဘာသဘောထား မှတ်ချက်မှ မပေးပါ။

အဲဒီမင်စွန်းနေတဲ့ လက်ကိုင်ပဝါကို

သူ့အားတစ်ရက်ငှားပေးဖို့ သာပြောပါတယ်။

နောက်နေ့တွင် ဘာဆိုဘာမှ မပြောဘဲ ငှားထားတဲ့ လက်ကိုင်ပဝါကို

ပိုင်ရှင်အမျိုးသမီးထဲ ပြန်ပေးပါတယ်။

ကွက်နေတဲ့ မင်ကွက်ကို အစပြုပြီး အလွန်လှပဆန်းကျယ်တဲ့ ပုံစံကို

လက်ကိုင်ပဝါထောင့်တွင် ရေးဆွဲထားတာကို ဝမ်းမြောက်ဝမ်းသာစွာ တွေ့ရတော့

တအံ့တသြဖြစ်နေပါတော့တယ်။

ပန်းချီပညာအကျော်အမော်ဆရာကြီး ရပ်စကင်ဟာ

စွန်းထင်းနေတဲ့ မင်ကွက်ကို အစပျိုးပြီး

လှပဆန်းကျယ်တဲ့ပုံစံကို တီထွင်ဖန်တီးပေးလိုက်ခြင်း ဖြစ်ပါတယ်။


ယခုအခါမှာတော့ အဲဒီလက်ကိုင်ပဝါဟာ

မင်ကွက်မစွန်းထင်းခင်က တန်တဲ့မူလ တန်ဖိုးထက်

အဆများစွာ တန်ဖိုးရှိသွားပါတော့တယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com