တစ်ခါတုန်းက ဘိုးဘွားရိပ်သာတစ်ခုမှာရှိတဲ့
အသက်တစ်ရာစီရှိကြတဲ့  အဘိုးအို နှစ်ယောက်ဟာ
စကားပြောနေကြတယ်။
အဘဦးဖိုးဉာဏ်က
“ ငါ အသက် ၈၀-နှစ်အရွယ်တုန်းကလိုပဲ 
အခုလည်း ငါ အားရှိနေသေးတယ်ကွ ”
အဘဦးဖိုးအောင်က
“ ဘာကြောင့် မင်း ဒီလို ပြောနိုင်သလဲ ”
အဘဦးဖိုးဉာဏ်က
“ ဟို အနားက ကျောက်တုံးကြီးကို
တွေ့တယ် မဟုတ်လား ”
အဘဦးဖိုးအောင်က
“ တွေတယ်လေ…”
အဘဦးဖိုးဉာဏ်က
“ အေး၊ ငါ အသက် ၈၀-နှစ်အရွယ်တုန်းက 
အဲဒီ ကျောက်တုံးကြီးကို ငါ မ မ,နိုင်ခဲ့ဘူး။
အခုလည်း မ မ,နိုင်ဘူး။ 
ဒါကြောင့် ပြောနိုင်တာပေါ့ ”

 
 

No comments:
Post a Comment