Tuesday, November 16, 2010

“ လတိုင်း ရချင်တယ်လား…”



တစ်ခါတုန်းက အိုလံပစ်လ္ဘက်ရည်ဆိုင်မှာ သူငယ်ချင်းဖြစ်သူ

မောင်ရွှေအေးကို မောင်နေဝင်းကမေးတယ်။


မင်း မျက်နှာလည်းမကောင်းပါလား၊

သူငယ်ချင်း ဘာဖြစ်လို့လဲ


မင်း ပဲ စဉ်းစားကြည့်ကွာ၊

လွန်ခဲ့တဲ့ သုံးလက ငါ့အဖိုးဆုံးသွားတယ်။

ငါ့အတွက် အမွေ ဆိုပြီး သိန်းတစ်ရာ ထားခဲ့တယ် ”


ဒီလောက်ငွေဟာ ဘယ်နည်းမလဲကွ


လွန်ခဲ့တဲ့ နှစ်လက ငါ့အဒေါ် သေပြန်တယ်။

ငါ့အတွက် သိန်း လေးဆယ် ထားခဲ့တယ်။


ဟန်ကျတာပေါ့ကွ၊

ဒါနဲ့များ ဘာဖြစ်လို့ မင်းမျက်နှာမကောင်းဖြစ်ရတာလဲ


ရွှေအေးပြောတဲ့စကားကြောင့် နေဝင်းလန့်သွားတယ်။


လွန်ခဲ့တဲ့လက ငါ တစ်ပြားမှ မရဘူးလေ

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com