အင်းစိန်ထောင်ထဲမှာ
မကြိုင်က သူ့ရဲ့ယောက်ျားကိုလူမင်းကို
ထောင်ဝင်စာ လာတွေ့တယ်။
ကိုလူမင်းက နှစ်ကြီးသမားဖြစ်တယ်။
“ ကိုလူမင်း၊ 
ရှင် ဒီကို ရောက်နေတာ ကြာလှပြီ။
ကလေးတွေလည်း ကြီးကုန်ကြပြီ။
မေးခွန်းတွေလည်း မေးကုန်ကြပြီရှင့် ”
“ ဘာလဲ၊ 
သူတို့အဖေ ဘယ်မှာလဲလို့ 
မေးနေကြသလား ”
“ ဟင့်အင်း၊
ရှင်ဓားပြတိုက်လို့ ရတဲ့ပစ္စည်းတွေ
ဘယ်မှာဝှက်ထားသလဲ တဲ့ ”

 
 

No comments:
Post a Comment