တစ်ခါတုန်းက 
မက်စီဒိုးနီးယားပြည် ရှင်ဘုရင်ကြီးဖီးလစ်ဟာ 
အလွန်လှပတဲ့ မြင်းကြီးတစ်ကောင်ကို ဝယ်လာပါတယ်။
မြင်းကြီးရဲ့အမည်မှာ ဗုစ်ဖားလပ်စ်လို့ခေါ်ပါတယ်။
ဒါပေမယ့်
မြင်းကို စမ်းသပ်ကြည့်တဲ့အခါ
မြင်းကြီးက ရိုင်းနေပြီ 
ဘယ်သူမှ မထိန်းသိမ်းနိုင်တဲ့အခြေအနေမှာရှိနေတယ်။
အဲဒီအခါ အလက်ဇန္ဒားမင်းသားလေးဟာ
 ဘုရင်ကြီးဆီမှာ
အဲဒီမြင်းရိုင်းကို စမ်းသပ်ခွင့်တောင်းခံပါတယ်။
ဘုရင်ကြီးက သူရဲ့သားတော်
အန္တရာယ်ဖြစ်မှာစိုးရိမ်တဲ့အတွက် သဘောမတူချင်ပါ။
မင်းသားငယ်က
အကြိမ်ကြိမ် ခွင့်တောင်းနေတဲ့အတွက် 
ဘုရင်ကြီးဟာ သဘောမတူချင်ဘဲ သဘောတူလိုက်ပါတယ်။
အလက်ဇန္ဒားဟာ
 မြင်းရိုင်းရဲ့ ဦးခေါင်းတည့်တည့်ဆီကို
လျင်မြန်စွာ လျှောက်သွားပါတယ်။
မြင်းရိုင်းရဲ့ မျက်လုံးကို 
နေဘက်ကို ဆွဲ လှည့်လိုက်ပါတယ်။
မြင်းရိုင်းကြီးဟာ သူ့အရိပ်ကို သူမြင်ပြီး 
စိတ်ရူးပေါက်နေသလိုဖြစ်နေတာကို 
မင်းသားလေးက သတိထားမိတဲ့အတွက်ကြောင့်ဖြစ်တယ်။
ဒါကြောင့်
မြင်းရိုင်းရဲ့အရိပ်ကို မမြင်အောင် 
နေဘက်သို့ဆွဲလှည့်လိုက်ခြင်းဖြစ်ပါတယ်။
အဲဒီနောက်
မင်းသားလေးဟာ
မြင်ရိုင်းကို ကျိုးနွံအောင်လုပ်နိုင်ပြီး
ကောင်းမွန်စွာစီးနိုင်ခဲ့ပါတယ်။
 
အဲဒီအခါ
 မြင်းရိုင်းကြီးဗုစ်ဖားလပ်စ်ဟာ
အလက်ဇန္ဒားမင်းသားလေးရဲ့
အလိုအတိုင်း တသွေမတိမ်းလှုပ်ရှားရပါတော့တယ်။
ဘုရင်ကြီးနဲ့တကွ
စစ်သူကြီးများ၊ စစ်သည်တော်များဟာ
တအံ့တသြဖြစ်သွားကြပါတယ်။
အဲဒီမြင်းရိုင်းကြီး ဗုစ်ဖားလပ်စ်ဟာ
 မင်းသားဘဝကနေ
စစ်သူရဲကောင်းကြီး အလက်ဇန္ဒားဘုရင်ကြီးဖြစ်လာတဲ့အထိ
ဘုရင်ကြီးနဲ့အတူ 
တိုက်ပွဲပေါင်းမြောက်များစွာကို 
အတူတကွ ပါဝင်တိုက်ပွဲဝင်ခဲ့ပါတယ်။

 
 

No comments:
Post a Comment