Tuesday, November 16, 2010

“ ပုံဖော်ရာမှာ အမှားကို အသုံးပြု...”



ပါရှန်ကော်ဇောကြီးတွေကို ရက်ရာမှာ

ဒေါင်လိုက်ထောင်ထားတဲ့ ကြီးမားတဲ့တောင်တန်းတွင်

ကြိုးတွေခတ်ပြီး ရက်ခြင်းဖြစ်ပါတယ်။


လှေကားတွေ၊ ခွေးခြေတွေ အမျိုးမျိုးကို အသုံးပြုပြီး

ကော်ဇောရဲ့နောက်ဘက်မှ အကွက်ပုံဖော်တဲ့လုပ်ငန်းကို

ကူညီပေးတဲ့ ကောင်ငယ်လေးများရှိကြပါတယ်။


ရက်လုပ်သူ ပုံဖော်သမားက

အရှေ့ဘက်တွင် ရပ်နေပါတယ်။

နောက်ဘက်မှ ကောင်ငယ်လေးတွေ ဘာလုပ်ရမယ်၊

ဘယ်ဘက်ကိုသွားရမယ်ဆိုတဲ့

ညွှန်ကြားချက်များကို ပေးပါတယ်။


တစ်ရံတစ်ခါမှာ

နောက်ဘက်မှ ကူညီပေးနေတဲ့ ကောင်ငယ်လေးတို့ဟာ

အမှားအယွင်းလုပ်တတ်ပါတယ်။

မှားတဲ့အရောင် ချည်ကြိုးကို

မှားတဲ့နေရာမှာ ထိုးသွင်းတတ်ကြပါတယ်။

အဲဒီလို မှားယွင်းတဲ့လုပ်ရပ် တစ်ချို့ကို

ပုံဖော် ရက်လုပ်သူက ပြန်မပြင်တော့ပါ။


ကော်ဇောရက်လုပ်သူဟာ

တကယ်ထူးချွန် ပြောင်မြောက်တဲ့

ပုံဖော်သမားဖြစ်ခဲ့ရင်

မှားတဲ့လုပ်ရပ်ပေါ်မူတည်ပြီး ပုံကို ပြုပြင်ဖန်တီးယူပါတယ်။


မှားတဲ့အခြေအနေကို ယူပြီး

ဒီဇိုင်းကို ပိုကောင်းအောင်ပြုပြင်ယူပါတယ်။

မျက်မှောက်ခေတ်တွင် ပါရှန်ကော်ဇောမှန်ခဲ့ရင်

အဲဒီလို အမှားမျိုးအနည်းဆုံးတစ်ခုတော့ ပါရပါတယ်။


အဲဒီလက္ခဏာဟာ

ပါရှန်ကော်ဇောရဲ့

သင်္ကေတ လက္ခဏာတစ်ရပ်ဖြစ်လာပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com