Tuesday, November 16, 2010

“ အကောင်းမြင် နဲ့ အဆိုးမြင်…”



ကျနော့်စိတ်မှာ ညှိုးငယ်ပြီး မအီမသာဖြစ်တဲ့အခါ

ကိုယ်တိုင်ကြုံတွေ့တဲ့

အခက်အခဲ ဒုက္ခများကို ဖော်ပြတဲ့ စာတစ်စောင်ကို

သူငယ်ချင်းတစ်ဦးထံ စာရေးတတ်ပါတယ်။


ဒါပေမယ့် အဲဒီစာကို ရေးပြီးမပို့ဖြစ်ပါ။

အဲဒီစာကို စာတိုက်ကထည့်မယ့်အစား

အဲဒီသူငယ်ချင်းထံသို့ပင် အခြားစာတစ်စောင်ထပ်ရေးပါတယ်။


ဒုတိယစာတွင်

ပထမစာတွင်ဖော်ပြခဲ့တဲ့ အခက်အခဲ၊ ဒုက္ခများအားလုံးကို

ဂရုစိုက်ပြီး မပါအောင်ဖယ်ရှားပါတယ်။


အဲဒီအခက်အခဲ၊ ဒုက္ခများတစ်ခုချင်းအစား၊

သတင်းကောင်းတစ်ခုစီကို ရေးထည့်ပေးပါတယ်။


ထည့်တဲ့ သတင်းကောင်းဟာ

ဘယ်လောက်ပင် အသေးအမွှားဖြစ်ပါစေ၊

ထည့်ရေးဖြစ်အောင်ရေးပါတယ်။


အဲဒီနည်းဟာ အခုအခါမှာတော့

ကျနော်ရဲ့ ကိုယ်ပိုင်နည်းတစ်ခုဖြစ်နေပါပြီ။


ဒုတိယစာကို ရေးပြီးတဲ့အချိန်တွင်

အထူးအဆန်း၊ အံ့သြစရာတစ်ခုမှာ

စိတ်ထဲမှာညှိုးငယ်မှု၊ အားငယ်မှု၊ မအီမသာဖြစ်မှု များ

ကင်းရှင်းပြီး ပေါ့ပါးလာပါတယ်။


ရႊင္ရႊင္ပ်ပ်

စေတနာကောင်း အရင်းခံလျက် ရေးတဲ့စာဟာ

တူညီတဲ့ တုံ့ပြန်မှုကို ရစေပါတယ်။


ကျနော်ဟာတစ်ချက်ခုတ်၊ နှစ်ချက်ပြတ်

ရည်ရွယ်ချက် ()ရပ်ပြည့်ဝအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com