ဖယောင်းတိုင်ဟာ နည်းလမ်းအသွယ်သွယ်ဖြင့် ဘာသာရေးနဲ့ နှီးနွှယ်နေတဲ့ 
လုပ်ရပ်များကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။
ဖယောင်း ဟာ လူ့ကိုယ်ခန္ဓာနဲ့တူပါတယ်။ 
လုပ်သားပျားမတို့ရဲ့မနားမနေ အလုပ်လုပ်မှုကြောင့် ဖယောင်းရလာပါတယ်။
ဖယောင်းဟာ ပျားဘုရင်မက ထုတ်လုပ်ခြင်းမဟုတ်သလို 
အပျင်းထူတဲ့ ပျားထီးမျးက ထုတ်လုပ်ခြင်းလည်း  မဟုတ်ပါ။
လုပ်သားပျားမတို့ဟာ ပန်းတစ်ပွင့်မှ တစ်ပွင့်သို့ လူးလာခေါက်တုံ့ပျံရင်း 
စုဆောင်းထားရခြင်းဖြစ်ပါတယ်။
သဘာဝအလှမှ ရသာချိုမွှေးကို နည်းနည်းခြင်း မနားမနေ ဝီရိယထုတ်ပြီး 
ရယူစုဆောင်းထားခြင်း ဖြစ်ပါတယ်။
အလင်းရောင်မှာလူရဲ့အသက်နဲ့ လူသားရဲ့စွမ်းအားကျက်သရေကို 
ရည်ညွှန်းကိုယ်စားပြုနေပါတယ်။ 
ဖယောင်းနဲ့တူတဲ့ကိုယ်ခန္ဓာကို အသုံးပြုပါတယ်။ 
ကိုယ်ခန္ဓာကို အသုံးပြုရင်း၊ အသက်ရှင်သန်ဖို့နဲ့ 
အလင်းဆိုတဲ့စွမ်းအားကျက်သရေ အမြဲရှင်သန်နေဖို့ ဆောင်ရွက်ပါတယ်။
မိမိပတ်ဝန်းကျင်ကို အလင်းပေးရင်း ဖယောင်းတိုင်ဟာ 
တဖြည်းဖြည်း လျှော့ပါးကုန်ဆုံးလာရပါတယ်။
အလင်းဟာ အမြဲတမ်းအထက်ကို တက်တဲ့ပုံစံနဲ့သာ ရှင်သန်ပါတယ်။
ဖယောင်းတိုင်ကို ဘယ်လိုပုံစံမှာပင် ထားထား၊ 
အလင်းမှာ အထက်ကိုသာတက်ပြီး ရှင်သန်ပါတယ်။
အလင်းဟာ ငြိမ်သက်စွာ အလုပ်လုပ်ပါတယ်။
အမြဲရှင်သန်တက်ကြွတဲ့သဘော ရှိပါတယ်။
ပတ်ဝန်ကျင်ကို လင်းစေပြီး အနွေးဓာတ်ကိုလည်း ပေးပါတယ်။
ဖယောင်းတိုင်း မီးတောက်သာ ပျောက်ကွယ်ရင် ပျောက်ကွယ်ပါမယ်။
မီးတောက်မှထွက်တဲ့ အလင်းဟာ ဘယ်တော့မှ မသေပါ။
အဲဒီအလင်းဟာ လဟာပြင်ထဲကို ဖြန့်ကြက်ရောက်သွားပါတယ်။
အလင်းတန်းများဟာ ဘယ်တော့မှ ရပ်တန့်မသွားပါ။ 
အလားတူပင် လူသားတို့ရဲ့လုပ်ရပ်ဟာလည်း အလင်းတန်းနဲ့ 
သဘာဝအားဖြင့် တူပါတယ်။
လူသားတို့ရဲ့လုပ်ရပ်ဟာလည်း…
ဘယ်တော့မှ မပျောက်ကွယ်ပါ။ 
ဘယ်တော့မှ မသေဆုံးပါ။ 
ဘယ်တော့မှ ရပ်တန့်မသွားပါ။

 
 

No comments:
Post a Comment