အိုလံပစ် လ္ဘက်ရည်ဆိုင်မှာ
သူငယ်ချင်းများ ဆုံမိကြတယ်။
တစ်ယောက်က ပြောတယ်။
“ ဒီအထဲမှာ မိန်းမကို အကြောက်ဆုံး ဘယ်သူလဲ၊ 
ဝန်ခံရဲစမ်းပါ ”
အားလုံး ငြိမ်နေကြတယ်။ 
နောက်ဆုံးမှာ အားလုံးအနက် အသက်အကြီးဆုံးဖြစ်သူကိုဝင်းသန်းက 
မမျှော်လင့်ဘဲ ပြောလိုက်တယ်။
“ ငါပဲ….”
အားလုံးက အံ့အားသင့်ပြီး ဝိုင်းပြောတယ်။
“ခင်ဗျားမှာ မိန်းမမှ မရှိဘဲ၊  
ခင်ဗျားက လူပျိုကြီးပဲ ”
ကိုဝင်းသန်းပြန်ပြောလိုက်တာကတော့ ...
“ မိန်းမတွေကို ကြောက်လွန်းလို့
မိန်းမယူဖို့ကိစ္စကို 
ငါတွေးတောင် မတွေးရဲ
ဘူးလေကွာ ”

 
 

No comments:
Post a Comment