တစ်ခါတုန်းက ရဟန်းနှစ်ပါးဟာ
တစ်ဦးနဲ့တစ်ဦး ညီညွတ်အေးချမ်းစွာ 
နှစ်ပေါင်းများစွာ
အဲဒီလိုနေရတဲ့ဘဝကို ငြီးငွေ့လာတဲ့ ရဟန်းတစ်ပါးက
“ နေ့တိုင်းလုပ်နေတဲ့ လုပ်ငန်းတွေကို ဘေးဖယ်ပြီး 
တစ်မျိုးပြောင်းနေကြည့်ရအောင်၊ 
လောဘသားတွေလို နေကြည့်ရအောင်လေ ”
လို့ပြောပါတယ်။
ဆိတ်ကွယ်ရာတွင် အေးအေးနေလာခဲ့တာ ကြာပြီးဖြစ်တဲ့အတွက် ဒုတိယဘုန်းကြီးက 
“ လောဘသားတွေ ဘယ်လိုနေသလဲ ”
လို့မေးကြည့်ပါတယ်။
ပထမဘုန်းကြီးက 
“ အေး၊ တစ်ခုကတော့ လောကမှာ ရန်ဖြစ်ကြပါတယ် ”
လို့ပြောပြပါတယ်။
အဲဒီကျောက်တုံးလေးကို ကြည့်ပါ။ 
တပည့်တော်တို့ နှစ်ယောက်ကြားမှာ သူ့ကိုထားကြည့်ပြီး 
တပည့်တော်တို့ နှစ်ယောက်လုံးက 
 ဒါ ငါ့ကျောက်တုံး ”
လို့ပြောကြည့်ရအောင်လို့ ပြောပါတယ်။
သီတင်းသုံးဖော်ရဟန်းရဲ့ဆန္ဒကို လိုက်လျောတဲ့အနေ ဒုတိယရဟန်းဟာ 
ကျောက်တုံးကို
“ ဒီကျောက်တုံးက ငါ့ကျောက်တုံး ”
လို့ပြောပါတယ်။
ပြန်လည်သုံးသပ်ဆင်ခြင်ဖို့ ခဏရပ်ပြီး
နှစ်ပေါင်းများစွာမိတ်ဆွေအဖြစ်
သဟဇာတမျှမျှ နေခဲ့တဲ့ ခံစားမှုများကို ထောက်ထားလျက်
 ရန်ဖြစ်ရန် အဆိုပြုခဲ့တဲ့ ပထမရဟန်းဟာ
“ အို…သီတင်းသုံးဖော် နောင်တော်ရဟန်း၊ 
ကျောက်တုံး ဟာ သင့်ကျောက်တုံးဆိုရင် သင်သာ သိမ်းထားပါ ”
လို့ ပြောလိုက်ပါတယ်။ 
အဲဒါကြောင့် ရန်မဖြစ်တော့ပါ။

 
 

No comments:
Post a Comment