လမ်းမထီးထီး
ခရီးရှည်လျား၊ ခရီးသွားလည်း၊
ခွန်အားလည်းဖေး၊ ဆံဖြူဖွေးလျက်၊
ညနေဘက်တွင်၊ ကျယ်နက် မတ်ဆောက်၊
ဒီရေချောင်းသို့၊ ရောက်သတည်း။
ချောင်းပြင်ကျယ်စေ၊ စိတ်ဝယ် မတွန့်၊
မရွံ့မကြောက်၊ ဆည်ဆာအောက်ဝယ်၊
ကူးမြောက်သူကျော်၊ ဖြတ်စွမ်း၏။
ဟိုမှာဘက်ကမ်း၊ ရောက်ပြီးလျက်မှ၊
နှစ်ဘက်ကမ်းပါး၊ ချောင်းကိုလွှား၍၊
တံတားထိုးပြန်လေတော့၏။
ခရီးသွားဖော်၊ တစ်ဦးသော်လျှင်၊
ထုတ်ဖော် ဤသို့ မေးသတည်း။
အို… အဘိုးအို၊
နေလည်း ညိုပြီ၊
ချောင်းကို လွန်မြောက်၊
သည်ဘက်ကမ်း ရောက်လျက်၊
နောက်သို့တစ်ဖန် သင်မပြန်ဘဲ၊
အားသန်ကြိုးစား၊
ဤတံတားကို၊
သင်ကား အဘယ်ကြောင့် ဆောက်သနည်း။
အို …အဆွေ၊
သည်နေ့ဆိုလျှင်၊ဆံပင်နုနယ်၊
လူငယ်တစ်ယောက်၊ ငါ့နောက်လိုက်ချက်၊
ခရီးထွက်ခဲ့ပြီ။
ချောင်းနက် မတ်ဆောက်၊
ငါ မကြောက်လည်း၊
နောက်ကလိုက်လာ၊
သူ့ခမျာမှာ၊
သူတရာ ဘေးဆိုး၊ ဖြစ်အံ့စိုး၍၊
ကြိုးပမ်း ငါလျှင် ဆောက်သတည်း။
{ဆရာ ဦးအောင်သင်း၏ အမွေစာအုပ်မှ….}
No comments:
Post a Comment