တစ်ခါက ကျောက်ဆစ်သမားတစ်ဦးရှိပါတယ်။
   သူဟာ ဝါးတဲငယ်တစ်လုံးမှာ တစ်ဦးတည်းနေပါတယ်။ 
  ကျောက်ဆစ်ပညာမှာ ကျွမ်းကျင်ပေမယ့် 
သူဟာ အလွန်ဆင်းရဲလှပါတယ်။
  သူ့ရဲ့အဝတ်များမှာ စုတ်ပြဲနေပါတယ်။
  တစ်နေ့
ကျောက်တုံးအကြီးကြီးတစ်တုံးကို ထုဆစ်နေချိန်မှာ 
  လမ်းထဲမှာ လူအုပ်ကြီးတစ်အုပ်စုဝေးနေတာကို တွေ့မြင်ပါတယ်။
  အုတ်အုတ်ကျက်ကျက်အသံကို ကြားရပါတယ်။
  သူတို့ရဲ့စကားသံကြောင့် 
သူတို့နေတဲ့ ရွာငယ်ဇနပုဒ်လေးကို ဘုရင်ကြီးလာလည်မယ်ဆိုတာကို 
  သူသိပါတယ်။
  အလွန်လှပတင့်တယ်ဆန်းကြယ်တဲ့
 ပိုးထည်များကို ဝတ်ဆင်ထားတဲ့ ဘုရင်ကြီးကို 
  ကျောက်ဆစ်သမားက ကြိုဆိုရင်း ငေးမောကြည့်နေမိပါတယ်။
  အဲဒီလိုကြည့်နေရင်း..........
 
  “ ငါ့မှာ ဒီဘုရင်ကြီးလို ဂုဏ်ကျက်သရေနဲ့ အာဏာရှိရင်
 ဘယ်လောက်ကောင်းလိုက်မလဲ ”
  လို့ တွေးမိပြီး ဆုတောင်းမိပါတယ်။
  အဲဒီဆုတောင်းကို မိုးနတ်မင်းကြီးက ကြားသွားပြီး ကျောက်ဆစ်သမားကို 
  အာဏာရှင် ဘုရင်ကြီးအဖြစ်ကို ပြောင်းပေးလိုက်ပါတယ်။
  ချက်ချင်းလိုပင်
ကျောက်ဆစ်သမားဟာ လှပကျော့ရှင်းတဲ့ မြင်းနက်ကြီးကို စီးပြီး 
  ပရိသတ်ကို လက်ဝှေ့ရမ်း နှုတ်ဆက်နေပါတော့တယ်။
  ဒါပေမယ့်
 နွေကာလရောက်တဲ့အခါ နေရောင်ကြောင့် 
  လူများ၊ တိရစ္ဆာန်များ၊ သစ်ပင်များ၊ ညှိုးနွမ်းကြတာကို 
  ဘုရင်ကြီးဖြစ်တဲ့ ကျောက်ဆစ်သမားက တွေ့ပါတယ်။
  အဲဒီအချိန် နေကို မော့ကြည့်ပြီး 
  “ ငါသာ အင်အားကောင်းတဲ့ နေမင်းကြီးဖြစ်ရင် သိပ်ကောင်းမှာပဲ ”
လို့ ဆုတောင်းမိပြန်ပါတယ်။
  သူ့ရဲ့ဆုတောင်းသံကို မိုးနတ်မင်းကြီးကကြားသွားပြီး
သူ့ပါရမီကိုဖြည့်ပေးလိုက်ပြန်ပါတယ်။
  သူ့ရဲ့နေရောင်ခြည်ကို ကမ္ဘာမြေပေါ်ကို ကျဆင်းစေပါတယ်။
  အဲဒီအချိန် 
ဘုရင်နဲ့ သမီးတော်တို့ဟာ ထီးရိပ်အောက်ကို ဝင်ခိုလှုံကြရပါတယ်။
  နေရောင်အောက်မှာ စစ်ဘုရင်ကြီးများပင် အင်အားလျှော့နည်းလာကြပါတယ်။
  သီးနှံပင်များလည်း နေရောင်ရဲ့ထိန်းကွပ်မှုကို ခံကြရပါတယ်။
  တစ်နေ့မှာ 
တိမ်လွှာသေးသေးလေးတစ်ခုက နေရောင်ကို ဖြတ်ပြီး 
  မြေပြင်တစ်ချို့တစ်ဝက်ကိုနေရောင်က ကာကွယ်ထားလိုက်ပါတယ်။
  အဲဒီအခြေအနေကို မြင်တွေ့တဲ့အခါ
နေဖြစ်နေတဲ့ ကျောက်ဆစ်သမားက ပိုမိုအင်အားကြီးတာကို တွေ့ပြီး
  “ ငါ တိမ်ဖြစ်ချင်လိုက်တာ ”
လို့ဆုတောင်းမိပြန်ရော၊ 
ဒါနဲ့ပဲ တိမ်ဖြစ်သွားပြန်ပါတယ်။
  နေရောင်ကို တားဆီးနိုင်ပြီး၊ 
သူ့ကိုယ်သူအလွန်အရေးပါအရာရောက်တယ်လို့ထင်နေမိပြန်ပါတယ်။
  တိမ်လိပ်သေးသေးလေးမှာ တိမ်လိပ်အကြီးကြီးဖြစ်လာပြီး 
အကြီးအကျယ်    မိုးရွာချပါတယ်။
  အရာရာကို စိုရွှဲစေပါတယ်။
  ကျောက်ဆောင်ကြီးတစ်ခုမှ လွဲပြီး အရာရာဟာ 
  မိုးသက်လေပြင်းဒဏ်ကြောင့် အပြင်းအထန်ခံကြရပါတယ်။
  ကျောက်ဆောင်ကြီးက ဘာမှ တုန်လှုပ်ခြင်းမရှိတာကိုတွေ့ပြီး
  “ ကျောက်ဆောင်ကြီးဖြစ်လိုတဲ့ ဆန္ဒဖြစ်လာပြန်တယ် ”  
  ဆန္ဒအတိုင်းဆုတောင်းလိုက်မိတော့
ကျောက်ဆောင်ကြီး ဖြစ်သွားပြန်ပါတယ်။
  တစ်နေ့မှာ 
လွယ်အိတ်တစ်လုံးလွယ်ထားတဲ့ လူတစ်ယောက်က 
  အဲဒီကျောက်တုံးကြီးနားကပ်သွားပါတယ်။
  ကျောက်တုံးကြီးနားရောက်တော့ ရပ်ပြီး သူ့ရဲ့လွယ်အိတ်ထဲက 
  ဆောက်နဲ့တူကို ထုတ်ပြီး ကျောက်တုံးကြီးကို ထုဆစ်ပါတော့တယ်။
  အဲဒီတော့ ကျောက်တုံးကြီးထက် အင်အားကြီးသူရှိနေတာကို တွေ့ပြီး 
  အဲဒီလူဖြစ်ဖို့ဆုတောင်းလိုက်ပါတယ်။
  မိုးနတ်မင်းကြီးက 
သူ့ရဲ့ဆုတောင်းအတိုင်း ဖြည့်ဆည်းပေးလိုက်ရာ 
  သူဟာကျောက်ဆစ်သမားဘဝပြန်ရောက်သွားပြီး
  သူရဲ့မူလဝါးတဲလေးထဲကို ပြန်ရောက်သွားပါတော့တယ်။
  သူဟာ သူဘဝကိုသူကျေနပ်ပြီး 
  ကျောက်တုံးကြီးကို ထုဆစ်ရင်း ရောင့်ရဲကျေနပ်နေပါတော့တယ်။