အဘိုး ဦးဘဉာဏ်ဟာ 
နှစ်တစ်ရာ (၁၀၀)ပြည့်မွေးနေ့ကို ကျင်းပပါတယ်။
 
“အဘိုးရဲ့ အသက်ရှည်တာ ဘာကြောင့်လဲ”
လို့ မွေးနေ့ပွဲကိုတက်လာသူ ကိုသီဟကျော်က 
စူးစမ်းမေးမြန်းပါတယ်။
 
အဘိုးက ဂုဏ်ယူဝင့်ကြွားစွာဖြင့်
 
“အဘိုးက ဆေးလိပ်မသောက်ဘူး။ 
အရက်သေစာလည်း မသောက်သုံးဘူး။
အစားအစာကိုလည်း ဘယ်တော့မှ အလွန်အကျွံ ပိုမစားဘူး။
ည (၁၀)နာရီဆို အိပ်ရာဝင်ပြီး နံနက် (၆)နာရီဆို အိပ်ရာက ထပါတယ်။”
လို့ရှင်းပြပါတယ်။
   
အဲဒီလို တိတိကျကျ နေခဲ့တာဟာ
 တကယ်ချီးကျူးစရာပါပဲခင်ဗျား။
ဒါပေမယ့်
ကျနော့်အဘိုးက အဘိုးလိုပဲ လိုက်နာနေထိုင်ခဲ့တာပါပဲ။
 သူကတော့ အသက် (၆၀)မှာ ကွယ်လွန်သွားခဲ့ပါတယ်။”
လို့ ပြောလိုက်ပါတယ်။
 
“သူက အဲဒီအလေ့အကျင့်တွေကို 
လိုသလောက်ကြာကြာ မလေ့ကျင့်ခဲ့လို့နေမှာပါ ”
လို့ အဘိုးဦးဘဉာဏ်ကပြန်ဖြေလိုက်ပါတယ်။

 
 

No comments:
Post a Comment