Tuesday, October 12, 2010

“ တီထွင်သူရဲ့တံခါး...”




လျှပ်စစ်မီး အပါအ၀င်
တီထွင်မှုှုပေါင်း တစ်ထောင်ကျော်ကို လုပ်ဆောင်ခဲ့သူ
အမေရိကန်ပညာရှင် အက်ဒီဆင် (EDISON; 1847-1931)ရဲ့
ခြံတံခါးကို အမြဲတမ်း ခက်ခက်ခဲခဲ ဖွင့်ရသဖြင့်
မိတ်ဆွေတွေက ၀ိုင်းပြောကြတယ်။


“ အမျိုးမျိုးတီထွင်တတ်သူလို့
လည်း ပြောသေးတယ်။
ကိုယ့်ခြံတံခါးကို အလွယ်တကူဖွင့်နိုင်အောင်
ဘာဖြစ်လို့မလုပ်တာလဲ ”

အက်ဒီဆင် ကပြန်ပြောလိုက်တယ်။

“ ခြံတံခါးကို ကျနော်အကောင်းဆုံး တီထွင်ပြီးလုပ်ထားတာပါဗျ ”

“ ဘာလဲ...၊
ခင်ဗျား ကျုပ်တို့ကို နောက်တာလား ”

အက်ဒီဆင် က

“ မနောက်ပါဘူး။
တံခါးကို အိမ်ကရေစုပ်စက်နဲ့ ဆက်ထားတာဗျ၊
ခင်ဗျားတို့ တံခါးကို တွန်းဖွင့်လိုက်တိုင်း
ခေါင်မိုးပေါ်တင်ထားတဲ့ ရေတိုင်ကီဆီကို
ရေလီတာ သုံးဆယ်တင်ပြီးသားဖြစ်သွားတယ်လေ။ ”

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com