Tuesday, October 12, 2010

“ အကြွေးတောင်းနည်းတစ်ခု...”




မိတ်ဆွေတစ်ယောက်ဟာ
မတ်တွိမ်း ထံမှ ငွေအတော်များများကို ချေးယူသွားတယ်။

သူမသေခဲ့ရင် တစ်လအတွင်း ပြန်ဆပ်ပါမယ်
လို့ ကတိပေးသွားတယ်။


တစ်လပြည့်သွားတယ်။
အကြွေးကို မိတ်ဆွေဖြစ်သူကပြန်မဆပ်ပါ။
ဒါနဲ့ဘဲ သတင်းစာတစ်ခုတွင်
မတ်တွိမ်း အောက်ပါအတိုင်းကြော်ငြာထည့်လိုက်တယ်။

“ မစ္စတာ ဟယ်ရီ ဒူးကန် ကွယ်လွန်သွားပြီးဖြစ်ကြောင်း
သူရဲ့မိတ်ဆွေအပေါင်းအသင်းများအားအသိပေးအပ်ပါတယ်။

မိမိ မသေခဲ့ရင် တစ်လအတွင်း ပြန်ဆပ်ပါ့မယ်လို့
ကတိခံဝန်ချက်နဲ့
သူဟာ ကျနော်ထံမှ ဒေါ်လာ ငါးရာချေးယူသွားခဲ့ပါတယ်။
သူဟာ အလွန်ကတိတည်သူဖြစ်တဲ့အတိုင်း
တစ်လမပြည့်မီ မနေ့က
ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သံသယဖြစ်စရာမရှိပါ။
သူ ကောင်းရာသုဂတိလားပါစေ ”

ဆိုပြီးရေးသားလိုက်ပါတယ်။


ကြော်ငြာထည့်ပြီးမကြာလိုက်ပါ။
`ကွယ်လွန်သူ´ ချက်ချင်းပြန်ရှင်လာပါတယ်။
မတ်တွိမ်းလည်း
ချေးငှားသွားသော သူရဲ့ပိုက်ဆံကို
ပြန်ရသွားပါတယ်။


No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com