Thursday, November 12, 2009

“တကယ့် ယောက္ခမ”



ရှေးရှေးတုန်းက ပညာရှိဘုရင်တစ်ပါး ရှားရှားပါးပါး ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီဘုရင်ရဲ့နာမည်ကတော့ ဆော်လမွန်ဘုရင်ကြီးဖြစ်ပါတယ်။

ဆော်လမွန်ဘုရင်ကြီးဟာ အမှုအခင်းများကို စီရင်ဆုံးဖြတ်ရာမှာလည်း မှန်ကန်၊တိကျ၊မျှတတဲ့အတွက် ပညာရှိဘုရင်အဖြစ် တိုင်းသူပြည်သားများရဲ့ချစ်ခင်မြတ်နိုးခြင်းခံရသူဖြစ်ပါတယ်။

တစ်နေ့တော့ မိန်းမကြီးနှစ်ယောက်ဟာ လူငယ်ခပ်ချောချောတစ်ယောက်ကို

ခေါ်ဆောင်လာပြီး ဆော်လမွန်ဘုရင်ကြီးဆီရောက်လာပါတယ်။

ပထမ မိန်းမကြီးက

“ဒီလူငယ်ဟာ ကျမရဲ့သမီးကို လက်ထပ်မယ်လို့ ကတိပေးခဲ့ပါတယ်အရှင်မင်းကြီး ”


ဒုတိယ မိန်းမကြီးက ကန့်ကွက်ပါတယ်။

“မဟုတ်ပါဘူးအရှင်မင်းကြီး၊ သူငယ်လေးဟာ ကျမရဲ့သမီးကို ယူပါ့မယ်လို့ ကတိပေးခဲ့တာပါ။”


ဆော်လမွန်ဘုရင်ကြီးဟာသူရဲ့လက်သုံးတော်ဓါးရှည်ကိုယူလာခိုင်းပြီး မိန်းမများကိုပြောတာက

“မင်းတို့အငြင်းပွားနေတဲ့ ပြဿနာကို ငါကိုယ်တော်မြတ်ဖြေရှင်းပေးမယ်နာခံစေ။ ဒီလူငယ်ကို ဓါးနဲ့နှစ်ပိုင်း ပိုင်းပေးလိုက်မယ်။

တစ်ပိုင်းစီ ယူကြစေ။ ဘယ့် နဲ့လဲ?”


ပထမမိန်းမကြီးက သဘောတူတယ်။

“ အရှင်မင်းတရားကြီးဆုံးဖြတ်တဲ့အတိုင်း လိုက်နာပါ့မယ်”


ဒုတိယ မိန်းမကြီးက ကန့်ကွက်ပါတယ်။

“အရှင်မင်းတရားကြီးရယ်၊ သွေးထွက်သံယိုဖြစ်တာကို ကျမ မကြည့်ရက်ပါဘူး၊

ဒီလူငယ်လေးကို မသတ်ပါနဲ့။ သူ့ကိုသမက်မတော်ရရင်လည်းနေပါစေတော့….အရှင်မင်းတရားကြီးရယ်။”


မိန်းမကြီးနှစ်ယောက်ရဲ့တုန့်ပြန်ချက်များကို နားထောင်ပြီးနောက် ဆော်လမွန်ဘုရင်ကြီး

ကအမိန့်တော် ချမှတ်လိုက်တာကတော့

“ဒီသူငယ်ကို ပထမ မိန်းမကြီးရဲ့လက်ထဲအပ်လိုက်ပါ။

ဒီမိန်းမကြီးဟာ တကယ့်ယောက္ခမပီသပါပေတယ်” ဟူသတည်း။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com