Tuesday, December 11, 2012

"အမေ့ထံသို့ ပေးစာများ-၆၄..."



သို့
ချစ်တဲ့အမေ
သား သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
အမေ နေကောင်းနေမယ်လို့ ထင်ပါတယ်။
ကျနော်တို့ အိမ်ပြောင်းသွားပြီးအမေ။
သိပ်တော့ မဝေးလှပါဘူး။
 လင်စင်းမြို့တော် ကနေ အရှေ့လင်စင်းကိုပြောင်းသွားတာပါ။
ကားနဲ့သွားရင် ၁၅-မိနစ်လောက်တော့ ဝေးသွားတယ်။
အလုပ်နဲ့တော့ ပိုဝေးသွားတာပေါ့။
ဟိုတုန်းက အိုကီးမို့(Okemos Road)လမ်းပေါ်မှာနေတယ်။
အခုတော့ …
ဟိုတုန်းက အိမ်ငှားနေတာ။
အခုတော့ သူဋ္ဌေးရဲ့အိမ်လို့ ဆိုတာပဲ။
အကြွေးနဲ့ဝယ်ထားတယ်လို့ ကြားမိတယ်။
“တစ်ဦးတစ်ယောက် တိုးတက်တယ်လို့ ကြားရင် ဝမ်းသာလိုက်ပါ” လို့
အမေပြောဖူးတယ်။
အခုတော့ ကြားလည်း ကြားတယ်။ မြင်လည်း မြင်တယ်။
ပိုပြီးဝမ်းသာမိပါတယ်။
အိမ်က နှစ်ထပ်တိုက်၊ အပေါ်ထပ်မှာ သုံးခန်းရှိတယ်။
အဲဒီသုံးခန်းက အိမ်သာရေချိုးခန်းတစ်ခန်းရှိတယ်။
စုပေါင်း သုံးရတယ်။
အောက်ထပ်မှာက အိမ်သာပဲ ရှိတယ်။
ရေချိုးခန်း မရှိဘူး။
အောက်ထပ်မှာ ပဲတွေ လို့ခေါ်တဲ့ စားဖိုမှူးနှစ်ယောက်နေတယ်။
သူတို့တွေက ရေချိုးချင်ရင် အပေါ်ထပ်ကို တက်လာရတယ်။
အိမ်ရှိသမျှလူတွေ အားလုံး ရေချိုးခန်းတစ်ခန်းထဲ ရှိတဲ့သဘောပါပဲ။
အိုကီးမို့မှာတုန်းက ကျနော်တို့လင်မယားက အခန်းကျယ်ကြီး(Master bedroom)မှာ
နေရတယ်။ အိပ်ခန်းထဲမှာ ရေချိုးခန်းအိမ်သာတစ်ခါတည်းတွဲပြီး ရှိတယ်။
ပိုပြီး အဆင်ပြေတာပေါ့။
အခုတော့ နည်းနည်းတော့ ကသိကအောက်ဖြစ်တာပေါ့။
အဆင်မပြေလည်း ခဏပါပဲ။
ကျနော်တို့ အိမ်မပြောင်းခင်လေးမှာပဲ ဒီဇင်ဘာလကုန်ရင်
အခြားအလုပ်ပြောင်းမယ့်အကြောင်း သူဋ္ဌေးကိုပြောလိုက်တယ်။
                                   ပြောပြောချင်းမှာတော့ မမျှော်လင့်ထားတော့
တော်တော် အံ့သြသွားတာကို တွေ့ရတယ်။
ကျနော် တစ်ယောက်ထဲသာ အလုပ်က ထွက်တယ်ဆိုရင်
သူဋ္ဌေးက အံ့သြမှာ မဟုတ်ပါဘူး။
ရုန်းအား မကောင်းတဲ့သူ တစ်ယောက်ထွက်သွားတာ
သူ့အတွက် ဝမ်းသာစရာတောင် ဖြစ်ဦးမယ်။
ကျနော် ကျန်းမာရေး သိပ်မကောင်းတဲ့အတွက် ရုန်းအား သိပ်မကောင်းတော့ဘူး။
ဥာဏ်အားတော့  ကောင်းသေးတယ်။
ဒါပေမယ့် သူဋ္ဌေးအဖို့ ရုန်းအားကိုပဲ လိုချင်တာပါ။
ဥာဏ်အားကို မလိုချင်ပါဘူး။
သူ့အလုပ်ကလည်း နှစ်နှစ်ဆယ်လုပ်လာတဲ့အတွေ့အကြုံကြောင့်
သမာရိုးကျ အလုပ်တစ်ခုဖြစ်နေပါပြီ။
ရုန်းအားကောင်းတဲ့လူတစ်စု ရှိရင်လုံလောက်နေတဲ့သဘော ဖြစ်နေတယ်။
ကျနော့်ရဲ့အမျိုးသမီးကတော့ ငယ်ရွယ်သူဆိုတော့ ရုန်းအား အများကြီး ကျန်သေးတယ်။
သူမ ရောက်လာပြီးကထဲက ဆိုင်ရောင်းအားလည်း သိသိသာသာကြီးကို
တိုးတက်လာတယ်။
သူမမှာ ဟော်တယ်မှာ ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့အလုပ်အတွေ့အကြုံတွေ
ရှိခဲ့ဖူးတော့ စားသုံးသူတွေနဲ့ ဘယ်လို ဆက်ဆံရမယ်ဆိုတာကို
ကောင်းကောင်း သိတယ်။
ဘာသာစကားလည်း ကျွမ်းကျင်တယ်။
ပြဿနာတွေကိုလည်း ကောင်းကောင်း ရှင်းနိုင်တယ်။
ဝန်ဆောင်မှုလည်း ကောင်းတော့ စားသုံးသူတွေ များတာ ဘာမှတော့ မဆန်းလှပါဘူး။
ဆန်းတာက ဒီအချိန်မှာ ထွက်လိမ့်မယ်လို့ မျှော်လင့်မထားတာပဲ။
အိမ်ကောင်းကောင်းနဲ့ထားပေးထားရင်
ဝန်ထမ်းတွေ တော်တော်နဲ့ထွက်သွားမယ်လို့ မထင်ဘူးပေါ့။
နေရာကောင်းကောင်းထားပေးပြီး အစားကောင်းကောင်းကျွေးထားရင်
တာဝန်ကျေတာပဲလို့ ထင်နေပုံရပါတယ်။
လူကို လူလို တန်ဖိုးထား ဆက်ဆံဖို့ကို မေ့နေပုံရတယ်။
ဒါကို လျှော့တွက်ရင် ဝန်ဆောင်မှုကို ကောင်းကောင်း နားမလည်သေးဘူးလို့ပြောလို့ရနေပြီ။


ကျနော်တို့စားသောက်ဆိုင်က တရုပ်စားသောက်ဆိုင်။
ဒါပေမယ့် တရုပ်စားသောက်ဆိုင်လို့ ဝန်မခံဘူး။
ဘာကြောင့်ဆိုတော့ ကျနော်တို့ရှေ့တည့်တည့်မှာ အခြားတရုပ်စားသောက်ဆိုင်
တစ်ဆိုင် ရှိနေတယ်။
မောလ်တစ်ခုတည်းမှာ အမျိုးအစားတူ စားသောက်ဆိုင် နှစ်ဆိုင် ဖွင့်ခွင့်မရှိဘူးလို့
သတ်မှတ်ထားပုံ ရပါတယ်။
အရင်ဖွင့်ခွင့်ရှိတဲ့ စားသောက်ဆိုင်က အစား အသောက် အမျိုးအစားတူရင်
ကန့်ကွက်ပိုင်ခွင့် ရှိတယ်။
ဒါကြောင့် အစားအသောက် နာမည်တွေကိုလည်း ပြောင်းထားရတယ်။
ဒါကလည်း နောက်မှ တဖြည်းဖြည်း သိလာတာပါ။
မောလ်ထဲမှာ စားသောက်ဆိုင် ကိုးဆိုင်ရှိတယ်။
ရောင်းအကောင်းဆုံးဆိုင်က အဲဒီတရုပ်စားသောက်ဆိုင်။
လူတွေ တန်းစီပြီး စားကြတယ်။
ဒုတိယ ရောင်းအကောင်းဆုံးဆိုင်က ကျနော်တို့နဲ့ဘေးချင်းကပ်ရက်
ပီစာ စားသောက်ဆိုင်။
ကျနော်တို့ ဆိုင်က နောက်ဆုံးမှ ဖွင့်ပေမယ့်
တဖြည်းဖြည်းနဲ့ကျော်တက်လာလိုက်တာ တတိယနေရာကို ရောက်လာပြီ။
ပီစာကတော့ စားသောက်ကုန် မတူတဲ့အတွက် ပြိုင်စရာ မလိုဘူး။
စားသောက်ကုန်တူတဲ့ ရှေ့တည့်တည့်က ဆိုင်ကတော့ တကယ့်ပြိုင်ဖက်ပဲ။
ပြိုင်ဖက်သာ ဆိုတာ တော်တော်ပြိုင်ရဦးမယ်။
ဘာကြောင့်ဆိုတော့ မတူတဲ့အချက်တွေကို လေ့လာမိလို့ပဲ။
သူတို့ဆိုင်က ဝန်ထမ်းတွေကို စီမံခန့်ခွဲတာ တော်တယ်။
ဝန်ထမ်းတွေရဲ့လိုအပ်ချက်ကို မန်နေဂျာက ဖြည့်ပေးတယ်။
ရှေ့နောက်ဝန်ထမ်းတွေ အနားယူရင် မန်နေဂျာကိုယ်တိုင်
အစားဝင်လုပ်ပေးနေတာကို တွေ့ရတယ်။
နောက်ဝန်ထမ်းတွေနားရင် မန်နေဂျာကိုယ်တိုင် ကြော်ချက်နေတာကို တွေ့ရတယ်။
ရှေ့ဝန်ထမ်းတွေနားရင် မန်နေဂျာကိုယ်တိုင် ဈေးဝင်ရောင်းတယ်။
မန်နေဂျာက အပေါ်စီးကကြည့်ပြီး လိုအပ်တာကို ဖြည့်ပေးတာကို သတိပြုမိတယ်။
ဒါကို ကြည့်ရင် သူတို့မှာ တည်ငြိမ်တဲ့စီမံခန့်ခွဲမှု ရှိတဲ့သဘော။
ကျနော်တို့မှာ အဲဒီလိုမျိုး တည်ငြိမ်တဲ့ စီမံခန့်ခွဲမှု ပုံစံ မရှိဘူး။
လုံးဝ ဆန့်ကျင်ဖက်။
သူတို့ရဲ့ဝန်ထမ်းတွေရဲ့အလုပ်ချိန်က တစ်နေ့ရှစ်နာရီ။
တစ်ပတ် နာရီလေးဆယ်။
ကျနော်တို့ရဲ့ဝန်ထမ်းတွေရဲ့အလုပ်ချိန်က တစ်နေ့ ၁၁-နာရီကျော်။
တစ်ပတ် ၆၆-နာရီ။
သူတို့တွေက လစာလည်းကောင်းတယ်။
တစ်နာရီ ၉ကျပ်ခွဲ။
ကျနော်တို့က တစ်နာရီ ၅ကျပ်နီးပါး။
ရောင်းကောင်းတဲ့စားသောက်ဆိုင်တွေဟာ သန့်ရှင်းရေးမှာ အားနည်းတတ်တယ်။
ပြီးတော့ လူအချင်းချင်း ဝန်ဆောင်မှုမှာ ညံ့တတ်တယ်။
အဲဒီအားနည်းချက်အချို့ကို သူတို့ဆိုင်မှာတွေ့ရတယ်။
လူအချင်းချင်း ဝန်ဆောင်မှုမှာ ကျနော်တို့ဖက်က သာတဲ့အတွက်
စားသုံးသူအတော်များများဟာ ကျနော်တို့ရဲ့ဖောက်သည်တွေဖြစ်လာတယ်။
သူတို့ရဲ့အားသာချက်တစ်ချက်က ပစ္စည်းဝန်ဆောင်မှု ကောင်းတယ်။
ဘာပစ္စည်းပဲရောင်းရောင်း ဆိုင်အမှတ်တံဆိပ်ပါတဲ့ပစ္စည်းအကောင်းစားတွေကို
သုံးတာကိုတွေ့ရတယ်။
ကျနော်တို့မှာ အဲဒါ အားနည်းတယ်။
သူတို့မှာ စားသောက်ကုန်ရဲ့အရသာဟာ တည်ငြိမ်တယ်။
ကျနော်တို့ဆီမှာက လူအပြောင်းအလဲတွေ များလွန်းတာမို့
အရသာ အပြောင်းအလဲကလည်း များနေတယ်။
အဲဒီကိစ္စဟာ စားသုံးသူ ဘဝင်မကျစေတဲ့အချက်တစ်ခုဖြစ်တယ်။
ပြောမယ်ဆိုရင်တော့ အများကြီးပေါ့အမေ။
အဲဒါတွေကို ပြင်နိုင်ရင်တော့ လူချင်းဝန်ဆောင်မှုကရှေ့ကရောက်နေရင်
မကြာခင်မှာ ကျော်တက်သွားနိုင်တယ်လို့ ကျနော်ထင်တယ်။
ဝယ်လိုအားတွေ အများကြီးကိုတွေ့နေရပါတယ်။
ကိုယ့်ဆိုင်နဲ့ကိုယ်ဖြစ်လာတော့မှ ကောင်းတဲ့အကြံဥာဏ်တွေကို
အသုံးပြုရတော့မယ်ထင်ပါတယ်။
အမေ့သားပဲ အမေရယ်။
ဈေးရောင်းတာတော့ မညံ့လောက်ပါဘူး။
ကျနော်တို့ညီအကိုတွေကို အမေက ဈေးရောင်းပြီး
တက္ကသိုလ်တွေ ပို့ခဲ့တာပဲ။
အဖေ ကွယ်လွန်ကထဲက ကျနော်တို့ ညီအကိုတစ်စုကို လူတစ်လုံးသူတစ်လုံးဖြစ်အောင်
အမေက ဈေးရောင်းပြီး ပြုစုပျိုးထောင်ခဲ့တာလေ။
ဒါကြောင့် ဈေးရောင်းတဲ့အတတ်ပညာကို ကျနော်က တန်ဖိုးထားတယ်။
ငယ်ငယ်ကထဲက တန်ဖိုးထားတဲ့စိတ်နဲ့လေ့လာဖြစ်တယ်။
မကြာခင် အသုံးဝင်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်အမေ။

အမေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လင်စင်းမြို့၊
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။ 
၁၂-၁၁-၂၀၁၂


Monday, December 10, 2012

"လသာတဲ့ညတစ်ည နဲ့ကြောင်နှစ်ကောင်…"


One Moon and Two Cats

One moon.
Two cats are not asleep.


Two cats are not asleep.

Cats yawn, cats stretch, cats look, cats leap!

One cat watches vans and trucks.

One cat slinks by pigs and ducks.

Paw by paw…
Cats walk the rails.

Cats comb whiskers, cats twitch tails.


Cats’ eyes gleam,

cats blink twice, cats get ready, cats smell…mice!

…mice!
Mice zig,
cats zag,
 mice run,
cats race,

mice slink,
cats creep,
mice climb,
cats chase.

Mice hide, cats seek.
Mice dart, cats dash.

Mice edge, cats inch.
Mice crouch, cats…

CRASH! BOOM! FLASH!

Cats and mice run
…home again. Two cats look, then lightly leap.         

One sun. Two cats are fast asleep.

မြန်မာနိုင်ငံမှ အင်္ဂလိပ်စာ သင်ကာစ ကလေးငယ် အားလုံးကို ရည်ရွယ်ပါတယ်...

"လသာတဲ့ညတစ်ည နဲ့ကြောင်နှစ်ကောင်…"


လသာတဲ့ညတစ်ည။
ကြောင်နှစ်ကောင်ဟာ အိပ်လို့မပျော်ဘူး။
ကြောင်တွေဟာ သန်းတယ်။
ကုတ်ခြစ်တယ်။
 ကြည့်တယ်။
 ခုန်တယ်။
ကြောင်တစ်ကောင်ကတော့ ဗင်ကားနဲ့ထရပ်ကားတွေကို စောင့်ကြည့်တယ်။
အခြားကြောင်တစ်ကောင်ကတော့ ဝက်တွေနဲ့ဘဲတွေအနီးနားမှာ တိတ်တိတ်ဆိတ်ဆိတ် လှုပ်ရှားနေတယ်။
ကြောင်တွေဟာ ဘားတန်းတွေပေါ်မှာ တစ်လှမ်းချင်းတစ်လှမ်းချင်း လမ်းလျှောက်တယ်။
ကြောင်တွေဟာ သူတို့ရဲ့နူတ်ခမ်းမွှေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်တယ်။
ပြီးတော့ သူတို့ရဲ့အမြီးကို နှံ့နေတယ်။
ကြောင်တွေရဲ့မျက်လုံးတွေဟာ အရောင်တောက်ပလာတယ်။
ကြောင်တွေဟာ မျက်လုံးကို မှိတ်ချီ မှိတ်ချီ နှစ်ကြိမ်လုပ်လိုက်တယ်။
ကြောင်တွေဟာ အဆင်သင့်ဖြစ်သွားတယ်။
ကြောင်တွေဟာ ကြွက်ရဲ့အနံ့ကို ရသွားပြီ။
ကြွက်က ဟိုဖက်ကပြေးတယ်။
ကြောင်တွေက ဒီဖက်က လိုက်တယ်။
 ကြွက်က ပြေးတယ်။
ကြောင်တွေက နောက်ကလိုက်တယ်။
ကြွက်က အသံတိတ်လှုပ်ရှားတယ်။
ကြောင်တွေကတိတ်တိတ်လေးဝပ်လိုက်ပြီးချောင်းတယ်။
ကြွက်က အပေါ်တက်ပြေးတယ်။
ကြောင်တွေက နောက်ကလိုက်တယ်။
ကြွက်က ပုန်းတယ်။ ကြောင်တွေက ရှာတယ်။
ကြွက်က ရှေ့ကို ရုတ်တရက် ခုန်ထွက်ပြီးပြေးတယ်။
ကြောင်တွေက နောက်က အရှိန်နဲ့လိုက်တယ်။
ကြွက်က အစွန်းအဖျားတစ်ခုကို ရောက်သွားတယ်။
ကြောင်တွေက တဖြည်းဖြည်းချင်း ရှေ့ကိုတိုးလာတယ်။
ကြွက်က ဖင်ထိုင်ရက် ကျသွားတယ်။
ကြောင်တွေက ….
ဟော…အင်နဲ့ အားနဲ့တိုက်မိတဲ့အသံပါလား။
မိုးကြိုးပစ်တဲ့အသံ။
လျှပ်စီးတွေ လက်တယ်။
အဲဒီအချိန်မှာပဲ မိုးစရွာတယ်။
ကြွက် နဲ့ကြောင်တွေ ပြေးပါလေရော၊
ဒါနဲ့ပဲ အိမ်ကို ပြန်ရောက်လာတယ်။
ကြောင်နှစ်ကောင်ဟာ ကြည့်တယ်။
ပြီးတော့ အသာလေး ခုန်လိုက်တယ်။
နေထွက်လာပြီ။
ကြောင်နှစ်ကောင်စလုံး မြန်မြန်ပဲ အိပ်ပျော်သွားပါလေရော။

 
မြန်မာနိုင်ငံမှ အင်္ဂလိပ်စာ သင်ကာစ ကလေးငယ် အားလုံးကို ရည်ရွယ်ပါတယ်...

One Moon, Two cats…

By Laura Godwin
Illustrated by Yoko Tanaka


$16.99 US
$19.99CAN
Ages 2-6


One moon.
Two cats are not asleep.
Cats yawn, cats stretch, cats look, cats leap!
One cat watches vans and trucks.
One cat slinks by pigs and ducks.
Paw by paw…
Cats walk the rails.
Cats comb whiskers, cats twitch tails.
Cats’ eyes gleam,
cats blink twice,
cats get ready,
cats smell…mice!
Mice zig, cats zag, mice run, cats race, mice slink, cats creep,
mice climb, cats chase. Mice hide, cats seek.
Mice dart, cats dash.
Mice edge, cats inch.
Mice crouch, cats…CRASH! BOOM! FLASH!
It starts to rain.
Cats and mice run…
home again.
Two cats look, then lightly leap.    
One sun. Two cats are fast asleep.



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com