Sunday, November 6, 2011

" ခုမှပဲ ရှင်းတော့တယ်…"




တစ်ခါတုန်းက

မော်လမြိုင်မြို့၊ထင်းရှုးကျေးရွာရဲ့

တစ်ခုသော မိုးတွင်းကာလမှာ

မိုးတွေကသဲသဲမဲမဲရွာနေတယ်။

လျှစ်စီးတွေလည်း အဆက်မပြတ်လက်နေတယ်။

မိုးခြိမ်းသံကိုလည်း ကြားနေရတယ်။

အဖွားဖြစ်သူဒေါ်နှင်းသုန်က

ရန်ကုန်မှလာလည်တဲ့ မြေးလေးတင်မောင်ဝင်းကို လှမ်းကြည့်တယ်။

ပြီးတော့

အဖွားဖြစ်သူဒေါ်နှင်းသုန်က

ခြောက်တန်းကျောင်းသားဖြစ်တဲ့မြေးလေးတင်မောင်ဝင်းကိုမေးလိုက်တယ်။

“အဖွားဟာ ပထမလျှပ်စီးလက်တာကို မြင်တယ်။

နောက်မှ မိုးခြိမ်းသံကိုကြားရတယ်။

အဲဒါဘာကြောင့်လဲ။

သိပ္ပံနည်းကျကျ အဖွားကိုရှင်းပြစမ်းကွယ်”



တင်မောင်ဝင်းက ချက်ချင်း ပြန်ဖြေလိုက်တာက...

"ရှင်းရှင်းလေးပဲ အဖွားရယ်။

အဖွားရဲ့မျက်လုံးတွေက အရှေ့မှာရှိပြီး

နားက နောက်မှာရှိတယ်လေ”


" မိတ်ဆွေကောင်း ရှာပါ..."


လုပ်ငန်းအခြေအနေဟာ
လူ့အခြေအနေပေါ်မှာသာ
အမြဲတမ်းအဓိကတည်ပါတယ်။

******************

စီးပွားရေးလုပ်ငန်းဆိုတာ
အသစ်တီထွင်မှု၊
အသစ်ပြောင်းလဲမှုကို
အမြဲတမ်းတောင်းဆိုနေတဲ့ လုပ်ငန်းမျိုးပါ။
စီးပွားရေးလုပ်ငန်းမှာ ပြုပြင်မှု၊
စွန့်စားလုပ်ကိုင်မှုဆိုတာ ရှိရမယ်။

******************

ကိုယ်နဲ့လောလောဆယ်ဆက်ဆံနေရတဲ့လူအကြောင်းကို
များများသိနိုင်လေလေ၊
မြန်မြန်သိနိုင်လေလေ….
ကိုယ့်အတွက် အကျိုးရှိလေလေပါပဲ။

******************

လူချင်းတွေ့ပြီးမျက်နှာချင်းဆိုင်ပြောချင်တာကြောင့်
ခရီးဝေးတွေကိုတောင်သွားခဲ့ရပါတယ်။

******************

လုပ်သင့်တယ်ထင်ရင် နှစ်ခါတွေးမနေနဲ့။
လူတစ်ယောက်ဟာ သူရဲ့ “ လုံခြုံမှု စွမ်းအား” ပမာဏကိုလိုက်ပြီး စီးပွားရေးလုပ်ငန်းအခြေအနေမှာ ပြောဆိုပြုမူတတ်တယ်။

******************

တစ်ဖက်သားရဲ့အတ္တစိတ်ကို နားလည်အောင်သာ လေ့လာပါ။
သူရဲ့အတ္တစိတ်ကို အသိအမှတ်ပြုပြီး
နားလည်အောင် ကြိုးစားနိုင်ရင်
ကိုယ့်အတွက်အများကြီး အကျိုးရှိနိုင်တယ်။

******************

ကိုယ့်ရဲ့အတ္တစိတ်ကို အထူးထိန်းပါ။
ကိုယ့်စိတ်ရဲ့ အားသာချက်/အားနည်းချက်ကို သိပါ။
ကိုယ့်အတ္တစိတ်ကြောင့်
သူတစ်ပါးရဲ့အတ္တစိတ်ကို မထိခိုက်ပါစေနဲ့။

******************

လူတစ်ယောက်အကြောင်းသိချင်ရင်
သူနဲ့အတူတူအလုပ်လုပ်နေတဲ့ လူတွေဆီကလည်း
တစ်ဆင့်သိနိုင်တယ်။

******************

သေသေချာချာ၊
စေ့စေ့စပ်စပ် ဆန်းစစ်ကြည့်ပါ။
လေ့လာကြည့်ပါ။
အဖြေထွက်လာပါလိမ့်မယ်။

******************

စီးပွားရေးလုပ်ငန်းဆိုတာ
ကိုယ့်စည်းကို ကိုယ်အတတ်နိုင်ဆုံးလုံအောင်လုပ်ပြီး
တစ်ဖက်သားက အလျော့ပေးလာအောင် လုပ်ယူရတဲ့အလုပ်မျိုးဖြစ်တယ်။

******************

ပြောတာဆိုတာတွေဟာ
စီးပွားရေးသဘောမဆန်ဘဲ
လူမှုရေးသဘောဆန်လေလေ ပိုပြီးအကျိုးရှိလေပဲ။


******************

ပေါ့ပေါ့မနေပါနဲ့၊
အဲဒီအချိန်ပိုင်းတွေ၊ အခြေအနေတွေမှာ
လူတွေရဲ့အတွင်းသဘောကို မြင်အောင်ကြည့်ပါ၊
မြင်အောင်လေ့လာပါ။

******************

လူတစ်ယောက်နဲ့ ဘယ်နှစ်ကြိမ်ပဲ ဆုံဖူး၊ဆုံဖူး
မှတ်မိဖို့မသေချာရင် “ နာမည် ”ကိုပြောပြီး
နူတ်ဆက်လိုက်တာပဲ။
ကိုယ့်ဘက်က စွမ်းဆောင်ရည်ပြည့်ဝမှု၊
သဘောထားကြီးမှု၊
မျှတမှုရှိရင် တစ်ဘက်သားက
ကိုယ့်အပေါ်မှာ အထင်အမြင်ကောင်းပြီး
အခြားချို့ယွင်းချက်တွေ အားလုံးကို ခွင့်လွှတ်လိမ့်မယ်။

******************

ပေးစာရေးတဲ့အလုပ်ဟာလုပ်ကိုလုပ်သင့်တယ်။
လုပ်ကိုလုပ်ရမယ်။
ပြီးစလွယ်မရေးနဲ့။
စိတ်ဝင်စားမယ့်ကိုယ်ရေးကိုယ်တာတွေပါ ထည့်ရေးပါ။

******************


နှစ်စဉ်နှစ်တိုင်းပေးပို့သင့်တဲ့ ပုဂ္ဂိုလ်ဆီကိုလုပ်ငန်းဆိုင်ရာ
ခရစ်စမတ်ကတ်တွေ၊လက်ဆောင်တွေ အမြဲတမ်းပေးပို့ပါ။
မလွဲမသွေပေးပို့ရမယ့် ပုဂ္ဂိုလ်တွေရဲ့စာရင်းကိုလဲ
အမြဲတမ်းဖြည့်စွတ်ပြီး စနစ်တကျသိမ်းထားပါ။

******************

ရိုးရိုးသားသားဝတ်စားတာဟာ ပိုပြီးကောင်းပါတယ်။
“ အမျိုးသမီးတစ်ယောက် အဝတ်အစားညံ့ညံ့ဝတ်လာရင်
လူတွေက သူ့အဝတ်အစားကိုပဲသတိပြုမိတတ်တယ်။
အဲ…သူက အဝတ်အစားကောင်းကောင်းဝတ်လာရင်တော့
သူ့ရုပ်ရည်ကိုပဲ သတိပြုမိကြတော့တယ်။

( ကိုကိုးရှယ်နယ် )

******************

ကိုယ်က တစ်ခုခုလုပ်ပေးမယ်လို့
ကတိပေးထားရင်ဖြစ်အောင် လုပ်ပေးလိုက်ပါ။
မဖြစ်နိုင်ဘူးဆိုရင်တစ်ခါတည်းနဲ့သာ အပြတ်ငြင်းလိုက်ပါ။

******************

အားလုံးတူနေရင် လူတွေဟာ မိတ်ဆွေဆီကပဲ ဝယ်ကြတယ်။
အားလုံးတူမနေရင်တောင်မှ မိတ်ဆွေဆီကပဲ ဝယ်ချင်ကြတယ်။
မိတ်ဆွေဖွဲ့ပါ။
မိတ်ဆွေပေါအောင် ကြိုးစားပါ။

******************


မိတ်ဆွေကောင်း ရှာပါ။

******************

ရယ်ရွှင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာတင်းမာမှုကို
ပြေပျောက်စေနိုင်တဲ့ အကောင်းဆုံးစွမ်းအားပါပဲ။
အစည်းအဝေးတစ်ခုကို ရယ်စရာဟာသနဲ့
စတင်တာ အကောင်းဆုံးပါပဲ။

******************



ရည်ညွှန်း......
( ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ...)
(ဘာသာပြန်သူ... မောင်ပေါ်ထွန်း )

Saturday, November 5, 2011

" အရူးဆရာဝန်…"


စိတ္တဇဝေဒနာသည်တွေကိုကုသတဲ့ဆရာဝန်ကို
ကျနော်တို့ဆရာဝန်အချင်းချင်းဟာ 'အရူးဆရာဝန်' လို့ခေါ်လေ့ရှိတယ်။
ဆရာဝန်က ရူးတာတော့မဟုတ်ပါ။
တိရိစ္ဆာန်ကုဆရာဝန်ကိုလည်း 'တိရိစ္ဆာန်ဆရာဝန်' လို့ခေါ်လေ့ရှိသလို
သွားအထူးကုဆရာဝန်ကို 'သွားဆရာဝန်' လို့ အတိုခေါက်ခေါ်လေ့ရှိတတ်ပါတယ်။
ကျနော်တို့မိတ်ဆွေဖြစ်တဲ့ အရူးဆရာဝန်…ဒေါက်တာအောင်ကြည်ဆွေ
က သူ့ရဲ့ဇာတ်လမ်းအချို့ကို သူငယ်ချင်းများဆုံတဲ့အခါပြောလေ့ရှိပါတယ်။
တစ်နေ့မှာတော့ သူ့ရုံးခမ်းမှာအလုပ်များ လုပ်နေချိန်မှာ
စိတ္တဇဝေဒနာသည်တစ်ဦးဖြစ်တဲ့သန်းစိန်ဟာ သူ့ရုံးခမ်းထဲကိုဝင်လာပြီး
သူရေှးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ကိုယူလာပြီးပြပါတယ်။
“မင်းပန်းချီကားက ဘာတွေဆွဲထားသလဲ”
လို့မေးလိုက်ပါတယ်။
သန်းစိန်က
“နွားမတစ်ကောင်ဟာ သူ့ရဲ့နွားစားကျက်မှာ
မြက်တွေကို အားရပါးရစားနေတဲ့ပုံလေဆရာရဲ့”
ဒေါက်တာအောင်ကြည်ဆွေက
“မြက်တွေကိုလည်း မတွေ့ပါလားကွ”
သန်းစိန်
“ ဘယ်တွေ့မလဲ၊ နွားမစားလိုက်ပြီလေ”
ဒေါက်တာအောင်ကြည်ဆွေက
“နွားမကိုလည်း မတွေ့ပါလားကွ”
“ဘယ်တွေ့မလဲ၊ နွားမကထွက်သွားပြီလေဆရာရဲ့၊
မြက်တစ်ပင်မှ မကျန်တော့တဲ့နေရာမှာ သူကဘာဆက်လုပ်ရမှာလဲ”
ဒေါက်တာအောင်ကြည်ဆွေက
“ကဲ…သူငယ်ချင်းတို့ရေ…
သန်းစိန်ပဲ ရူးသလား၊
ငါပဲရူးသလားဆိုတာ ငါတောင်မခွဲခြားနိုင်တော့ပါဘူး”
လို့စကားကိုအဆုံးသတ်ပြီး
လက်ဖက်ရည်ဆိုင်က ထွက်သွားပါတယ်။
ကျန်တဲ့သူငယ်ချင်းတွေကပြုံးပြီးကျန်ခဲ့ပါတယ်။

" အထူးသတင်းကြောငြာချက်(၁)..."


++++++++++++++++++

ကိုစံပီးရဲ့သတင်းကိုပြန်လည်ကူးယူဖော်ပြပါတယ်။
ထိုင်းနိုင်ငံထဲကို အကြောင်းအမျိုးမျိုးနဲ့ရောက်နေကြတဲ့
ကျနော်တို့ရဲ့ဆွေမျိုးသားချင်း၊မောင်နှမများကို
စိုးရိမ်စိတ်ပူတဲ့အတွက် ဒီသတင်းကို
လက်ဆင့်ကမ်းလိုက်ခြင်းဖြစ်ပါတယ်။
နာဂစ်မုန်တိုင်းကို သင်ခန်းစာယူနိုင်ကြပါစေ။
အားလုံးသောလူသားတွေ အန္တရာယ်ကင်းကြပါစေလို့
အဝေးက မေတ္တာပို့လိုက်ပါတယ်။
အဝေးရောက်နေသူအဖို့ မေတ္တာသည်သာ အားကိုးရာပါ။

Friday, November 4, 2011

" နာနာလုပ်၊ ကြာကြာလုပ်..."




ဘယ်လုပ်ငန်းပဲ စလုပ်လုပ်၊
အကောင်းဆုံးနဲ့စပါ။

++++++++++++++++++

အစပိုင်းမှာ လုပ်ငန်းတစ်ခုဟာ မှန်မှန် အမြတ်ပေါ်ဖို့ နဲ့
မှန်မှန် ကြီးထွားတိုးတက်ဖို့သာ အရေးကြီးပါတယ်။

++++++++++++++++++

ခေတ်မီမီ စီမံခန့်ခွဲပါ။
ကိုယ်တိုင် ဖန်တီးယူပါ။
ပြင်းပြင်းထန်ထန်ပြောင်းလဲပါ။
စီမံခန့်ခွဲရေးကို သွက်လက်ခေတ်မီအောင် လုပ်ပါ။

++++++++++++++++++

မန်နေဂျာကောင်းတစ်ယောက်ဟာ
ယုံကြည်မှု စိတ်ဓာတ်ပြည့်ဝတဲ့လူ ဖြစ်ဖို့လိုတယ်။

++++++++++++++++++

ဘာဘဲဖြစ်ဖြစ်
ရက်ရောတဲ့အလုပ်ရှင်တစ်ယောက်ဖြစ်ဖို့
အမြဲတမ်းကြိုးစားတယ်။

++++++++++++++++++

ချီးကျူးတဲ့အခါ အခြားလူတွေသိအောင် ချီးကျူးပါ။
ကုမ္ပဏီအတွက် ဂုဏ်တက်အောင် လုပ်ဖို့လဲ ညွှန်ပြပါ။

++++++++++++++++++

တည်တံ့ခိုင်မြဲပြီးတဲ့ကုမ္ပဏီတွေရဲ့
အကြီးဆုံးရန်သူတစ်ယောက်ကတော့
ကိုယ်ကိုယ်ကိုယ် ကျေနပ်နှစ်သိမ့်ခြင်းပဲ။

++++++++++++++++++

ရိုးလတ်ကုမ္ပဏီကနာရီထုတ်လုပ်တာ မဟုတ်ဘူးဗျ။
ဇိမ်ခံပစ္စည်းထုတ်လုပ်နေတာပါ။

++++++++++++++++++

ဘာပစ္စည်းပဲထုတ်ထုတ်
စားသုံးသူတွေ ဘက်ကကြည့်ပြီး
သူတို့သဘောကျနှစ်သက်မယ့် “ စွံကွက် ”ကို
ဗန်တင်ပြီးထုတ်လုပ်ကြရမှာပဲ။

++++++++++++++++++



ကုန်ပစ္စည်းတစ်ခုရဲ့စွံကွက်ကို
တွေးခေါ်မြော်မြင်မှုနဲ့သာရနိုင်ပါတယ်။

++++++++++++++++++

ပြိုင်ဘက်ကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။
ဘယ်တော့မှ အထင်မသေးပါနဲ့။

++++++++++++++++++

ဘာဘဲပြောပြော၊
ကျနော်ကတော့ အခြေအနေနဲ့အချိန်အခါအရ
အမြန်ဆုံး ဆုံးဖြတ်ချက် ချနိုင်သူကို အကြိုက်ဆုံးပဲ။
အချုပ်ကတော့
အမြန်ဆုံးနဲ့ အတိကျဆုံး ဆုံးဖြတ်ချက် ချနိုင်သူဟာ
အတော်ဆုံးပါပဲ။

++++++++++++++++++

အခက်အခဲကြုံလာရင်
ကိုယ့်အတွက် အသက်ကယ်ဆေးကတော့
အဓိကအားဖြင့် စိတ်ဓာတ်အားမာန်ပါပဲ။
စိတ်ဓာတ်ရေးရာစွန့်စားမှုခရီးကို
စိတ်ဓာတ်အားမာန်အပြည့်နဲ့သာ
ဆက်လက်ချီတက်နိုင်မှာဖြစ်ပါတယ်။

++++++++++++++++++

နာနာလုပ်၊
ကြာကြာလုပ်၊
ပြီးတော့ သာသာလဲလုပ်။

++++++++++++++++++

တကယ်တော့ တတ်နိုင်သလောက်နဲ့
ဖြစ်နိုင်တဲ့ပန်းတိုင်ချမှတ်ပြီး
ရိုးရိုးကလေးလုပ်တာ စိတ်အချရဆုံးပါပဲ။

++++++++++++++++++

လုပ်ငန်းသစ်တစ်ခုဟာ ရင်းနှီးငွေများလေလေ၊
ရုတ်တရက်ချက်ခြင်းထောင်တက်ဖို့
အခွင့်အရေးနည်းလေလေပါပဲ။

++++++++++++++++++

ဆုံးရှုံးမှုကို သင့်တင့်လျှောက်ပတ်စွာ ကြိုးကိုင်နိုင်ရင်
ဘီးကို လိမ့်စေနိုင်တဲ့ စွမ်းအားတောင်ဖြစ်နိုင်ပါတယ်။

++++++++++++++++++



“ ဒီအိုလံပစ် ပြိုင်ပွဲကြီးမှာ အောင်နိုင်ရေးအတွက်
ကိုယ့်ဘက်က လုပ်စရာရှိတာ မှန်သမျှ ငါအကုန်လုပ်ခဲ့ပြီးပြီ။
ပြိုင်ပွဲဝင်ဖို့လဲ အသင့်ဖြစ်နေပြီ။
ငါ နိုင်ခဲ့ရင် အားလုံးက ဝမ်းသာကြလိမ့်မယ်။
ဒါပေမယ့် တကယ်လို့များ ငါ ရှုံးနိမ့်သွားခဲ့ရင်လဲ
ငါ မိတ်ဆွေတွေဟာ ငါ့မိတ်ဆွေပဲ ဖြစ်နေပါပဲ။
ငါ့ ရန်သူတွေဟာလဲ ငါ့ ရန်သူတွေပဲ ဖြစ်နေမှာပဲ။
ကမ္ဘာလောကကြီးလဲ အရင်အတိုင်းပဲ တည်ရှိနေမှာပဲ ”


++++++++++++++++++

ရည်ညွှန်း........( ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ...)
ဘာသာပြန်သူ...( မောင်ပေါ်ထွန်း )



Thursday, November 3, 2011

"ကျနော် မှားပါတယ်..."


၁။ စိတ်ရှည်ပါ။
၂။ အခွင့်အရေးပေါ်လာတဲ့အခါ မလွတ်တမ်းအရယူပါ။
၃။ ပထမဦးစွာ လိုအပ်သမျှ အပင်ပန်းခံပါ။
၎။ အချိန်ယူပါ။
၅။ ကိုယ်နဲ့ဆက်သွယ်နေရတဲ့ လူတွေအကြောင်းကို သိနိုင်သမျှ
သိအောင်ကြိုးစားပါ။
၆။ အခြေအနေကို ကြည့်ပါ။
အချက်အလက်တွေ ရှာပါ။
တစ်ဖက်လူ ဘာလိုချင်သလဲ ဆိုတာ ကိုသိအောင်လုပ်ပါ။
တစ်ဖက်လူကို ပေးနိုင်မယ့် နည်းလမ်းရှာပါ။
၇။ ကံဆိုတာ ကြိုးစားမှုရဲ့ရလာဒ်ဖြစ်တယ်။
၈။ များများလေ့ကျင့်လေလေ များများကံကောင်းလေလေပဲ။
၉။ ကံက အလိုလို ရောက်လာတဲ့အချိန်အထိ စောင့်မနေပါနဲ့။
ကိုယ်က ကံတရားကို ဖန်တီးယူပါ။
၁၀။ ကံကောင်းတဲ့လူတွေဟာ အခွင့်အရေးသေးသေးလေးမြင်ရင်
အဲဒါကို အခွင့်အရေးအကြီးကြီး ဖြစ်အောင်လုပ်ယူတယ်။

++++++++++++++++++

လောကမှာ ပြောရခက်တဲ့စကား သုံး ခွန်းရှိတယ်။
၁။ ကျနော်မသိပါဘူး။
၂။ ကျနော်အကူအညီလိုနေပါတယ်။
၃။ ကျနော် မှားပါတယ်။

++++++++++++++++++

ကိုယ့်ကိုယ်ကိုယ် လျော့ပြောတာဟာ
ပိုပြီးပြောတာထက်
အများကြီးထိရောက်တယ်။
ကျနော် အကူအညီလိုနေပါတယ်။
ကျနော်ကို ကူညီပါ။
လုပ်ငန်းတစ်ခုကို
တစ်ယောက်တည်းလုပ်တာထက်
ပူးပေါင်းလုပ်ကိုင်တာ ပိုပြီးအကျိုးရှိတတ်ပါတယ်။
အပြန်အလှန်အကူအညီပေးတာ၊
ယူတာဟာ အလွန်ကောင်းတဲ့စီမံအုပ်ချုပ်ရေးစံနစ်တစ်ခုပါပဲ။
ကျနော်မှားပါတယ်။
အမှားလုပ်မိမှာ ကြောက်တာ၊
အမှားကိုဝန်မခံရဲတာဟာ
အဓိကပြဿနာပါပဲ။
မှားတာက အဓိက မဟုတ်ပါဘူး၊
အဲဒီအမှားကို ဘယ်လိုကိုင်တွယ်သလဲဆိုတာကသာ
အဓိကပါ။

++++++++++++++++++

လုပ်ငန်းတစ်ခုမှာ သစ္စာရှိမှုဟာ အလွန်အရေးကြီးတယ်။
အသက်ဆိုရင်လဲ မမှားဘူး။
ကိုယ့်ရဲ့သစ္စာရှိမှုကို အကောင်းဆုံး ဖော်ပြပါ။
အကောင်းဆုံးကတော့
စနစ်အတိုင်း အလုပ်ဖြစ်အောင် ကြိုးစားဖို့ပါပဲ။

++++++++++++++++++

ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ပြိုင်ဖက်တွေလို မမြင်ပါနဲ့။
မဟာမိတ်တွေလို မြင်ပါ။
တော်တဲ့လူတွေနဲ့ ပူးတွဲ လုပ်ကိုင်ရတာဟာ
ကိုယ့်အတွက် အောင်မြင်ရေးလှေကားထစ်ပါပဲ။

++++++++++++++++++



သူ့တို့အတွက် လွယ်ကူချောမောအောင်
ငါ့ဖက်က ဘာတွေလုပ်ပေးနိုင်မှာလဲ…
ဆိုတာကို
ပထမဆုံးကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကြည့်ပါ။

++++++++++++++++++

အထူးသဖြင့် အချိန်နည်းနည်းနဲ့
အထိရောက်ဆုံးဖြစ်အောင်
ဘယ်လိုလုပ်နိုင်မလဲဆိုတာကို
စဉ်းစားရမယ်။

++++++++++++++++++

အချိန်နဲ့နားပါ။
အပန်းဖြေပါ။
လေ့ကျင့်ခန်းလုပ်ပါ။
လုပ်ငန်းကိစ္စတွေ အားလုံးကို စာရွက်ပေါ်မှာ ရေးမှတ်ထားပါ။
လိုအပ်တဲ့အချိန်မှာ အဲဒီ…. မှတ်စုစာရွက်တွေကို ပြန်ကြည့်ပြီး
လုပ်စရာရှိတာလုပ်ပါ။
အလုပ်ကိုငြီးငွေ့တဲ့စိတ်က လေ့လာမှုပြတ်သွားတဲ့အခါ၊
ရပ်သွားတဲ့အခါဖြစ်ပေါ်လာတတ်တာမျိုးပါ။

++++++++++++++++++

ပန်းတိုင်တစ်ခုသတ်မှတ်ပြီးရင် အဲဒီပန်းတိုင်ကို
အကြောင်းပြုပြီး အခြေခံပြီး၊
နောက်ထပ်ကြီးမားတဲ့ ပန်းတိုင်တစ်ခုကို
ထပ်ပြီး မျှော်မှန်းတယ်။
အဲဒီလိုနဲ့မဆုံးနိုင်တဲ့ လေ့လာစရာတွေထဲမှာ
ကိုယ့်ကိုယ်ကိုယ် လုံးဝဥဿုံမြှပ်နှံထားလိုက်ပါ။
နေ့တိုင်း နံက် ၄း၀၀ မှာ အိပ်ရာကထတယ်။
တစ်ပတ်မှာ နာရီ ရှစ်ဆယ်က
ကိုးဆယ်အထိ အလုပ်လုပ်တယ်။
ကိုယ်လုပ်တဲ့အလုပ်ကို ချစ်လို့ပါ။

++++++++++++++++++



ကိုယ့်ကိုယ်ကိုယ်သင်ယူပါ။
လက်ရှိလုပ်ငန်းတာဝန်ကို အကောင်းဆုံးလုပ်ဆောင်ပါ။
တာဝန်သစ်တွေကို ကြံဆဖော်ထုတ်ပါ။

++++++++++++++++++

ကျနော်တို့ အောင်မြင်ခဲ့ရတာဟာ
တကယ်တော့ လုပ်သင့်တယ်လို့ ထင်တာတွေကို လုပ်ခဲ့ပြီး၊
မလုပ်သင့်ဘူးလို့ထင်တာတွေကို မလုပ်ခဲ့လို့ပါပဲ။

++++++++++++++++++

လုပ်ငန်းတစ်ခုကိုစ တင်တည်ထောင်တဲ့အခါမှာ
ယေဘုယျအားဖြင့်
ကိုယ့်ရဲ့ Common Sense လို့ခေါ်တဲ့ သာမန်ဆင်ခြင်ဉာဏ်
(သို့မဟုတ်)
ဘုံဉာဏ်ကို အသုံးချတာဟာ အကောင်းဆုံးပဲလို့ ထင်ပါတယ်။

++++++++++++++++++

ရည်ညွှန်း...................................( ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ…)
( မောင်ပေါ်ထွန်း )

++++++++++++++++++



Wednesday, November 2, 2011

" ရိုးသားတော့ ထိုက်တန်..."






တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးရှိတယ်။
အဲဒီဘုရင်ကြီးမှာ မိဖုရားတွေအများကြီးရှိပေမယ့် သားတော်ကတော့
တစ်ပါးတည်းသာရှိပါတယ်။
မင်းကြီးဟာ အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့အတွက်
သားတော်ကို ထီးနန်းစည်းစိမ်ကိုလွှဲပြောင်းပေးချင်တယ်။
ဒါပေမယ့် သားတော်ဟာ ကြင်ယာတော်မရှိသေးတဲ့အတွက်
ကြင်ယာတော်ကို ရှာဖွေပေးပြီးတစ်ခါတည်း
ထီးနန်းကိုလွှဲပေးဖို့အစီအစဉ်လုပ်ပါတယ်။
သားတော်ဟာ မင်းသားတို့တတ်အပ်သောပညာများကို အားလုံးတတ်တဲ့အပြင်
စာဖတ်ခြင်းနဲ့ ဥယျာဉ်စိုက်ပျိုးခြင်းကို အထူးစိတ်ဝင်စားသူလည်းဖြစ်ပါတယ်။
မင်းကြီးက သားတော်ရဲ့ကြင်ယာတော်ရှာဖွေခြင်းကိစ္စကို မှူးမတ်များနဲ့
တိုင်ပင်ပြီးရှာဖွေဖို့သားတော်ကို တိုင်ပင်တယ်။
သားတော်က သဘောမတူပါဘူး။
မှူးမတ်ဆိုတာ ဘုရင့်အလိုကျပြောဆို၊လုပ်ကိုင်တတ်သူများသာဖြစ်တာမို့
သူ့အလိုကျဖြစ်နိုင်မယ်မထင်ကြောင်း၊
ဒါကြောင့် သူ့ရဲ့ကြင်ယာတော်ကိစ္စကို
သူ့ဘာသာသူအလိုကျဆောင်ရွက်ချင်ကြောင်းတင်ပြတယ်။
မင်းကြီးက လိုက်လျောပြီးတစ်နှစ်အတွင်းအပြီးဆောင်ရွက်ဖို့
ကတိကိုတောင်းဆိုတယ်။
တစ်နေ့တော့ မင်းသားရဲ့အစီအမံနဲ့တိုင်းပြည်နေရာအနှံကြောငြာချက်ထုတ်ပြန်ပါတယ်။
"အသက် (၁၈)ပြည့်ပြီးတဲ့အပျိုစင်တိုင်းတစ်ပတ်အတွင်း
မင်းသားရဲ့ဥယျာဉ်တော်ကို လာနိုင်တယ်။
မင်းသားရဲ့ဥယျာဉ်တော်မှာ ထားရှိတဲ့ မြေအိုးထဲကို မြေသြဇာကိုကြိုက်သလောက်ထည့်ယူနိုင်တယ်။
မျိုးစေ့ကိုတော့ လက်မနဲ့လက်ညှိုးအတွင်းပါနိုင်သလောက်ကိုသာယူရမယ်။
ခြောက်လအတွင်း အပင်နဲ့အပွင့်ကို တင်ပြရမယ်။
အဲဒီအပင်နဲ့အပွင့်ပေါ်မူတည်ပြီး မိဖုရားအရာမြှောက်စားတော်မူမယ်"လို့
နိုင်ငံတော်အနှံ့အပြင် အတိုင်းတိုင်းအပြည်ပြည်ကိုလည်းကြောငြာပါတယ်။
ဒီတော့ မိဖုရားဖြစ်ချင်ကြတဲ့ အမျိုးသမီးအားလုံးဟာ စိတ်ဝင်စားကြတယ်။
ပြိုင်ပွဲဝင်စည်းကမ်းနဲ့ကိုက်ညီတဲ့အပျိုစင်တိုင်းဟာ ဝင်ပြိုင်ကြတယ်။
အတိုင်းတိုင်းအပြည်ပြည်က မင်းသမီးအပါအဝင်
ကျေးတောသူအထိပါဝင်ကြတယ်။
နန်းတော်မှာ အမျိုးသမီးတွေနဲ့စည်းကားနေတယ်။
နောက်ခြောက်လကြာတဲ့အခါမှာလည်း
အပင်က ပွင့်လာတဲ့ပန်းမျိုးစုံနဲ့အပျိုစင်တွေက စည်းကားနေပါတယ်။
အားလုံးကို စံနစ်တကျ မှတ်တမ်းတင်ပါတယ်။
အပင်မျိုးစုံ၊ပန်းမျိုးစုံ၊ အပွင့်မျိုးစုံနဲ့အနံ့မျိုးစုံလှပါတယ်။
သူ့ထက်သူပိုပြီးသာလွန်လှပတဲ့၊မွှေးကြိုင်တဲ့ပန်းပင်တွေနဲ့ပေါ့။
အပျိုစင်တစ်ဦးကတော့ ထူးထူးခြားခြား။
ဘာပန်းပင်၊ဘာပန်ပွင့်မှမပါတဲ့မြေအိုးအလွတ်တစ်ခု
ကိုယူလာပါတယ်။
အကျိုးအကြောင်းကိုမေးပြီး မင်းသားဆီကိုခေါ်သွားပါတယ်။
" ဘယ်လိုဖြစ်လို့ဘာအပင်၊ဘာအပွင့်မှမပါရတာလဲ"
" ကျွန်မဟာ ဥယျာဉ်မှူးရဲ့သမီးတော်တစ်ဦးဖြစ်ပါတယ်။
ပန်းဥယျာဉ်စိုက်ပျိုးမှုကိုလည်း ဝါသနာထုံပါတယ်။
ဘာအပင်ကိုစိုက်စိုက် ရှင်တဲ့အပင်သာများလှပါတယ်။
ဒီမျိုးစေ့ကို စိုက်ပျိုးတာ ဘယ်လိုမှ အပင်မဖြစ်လာကြောင်းပါအရှင်မင်းသား
ဒါကြောင့်အပင်မပါတဲ့ မြေအိုးကိုသာယူလာရကြောင်းပါ"လို့
တည်တည်ငြိမ်ငြိမ်လျှောက်တင်ပါတယ်။
နောက်တစ်လနန်းသိမ်းပွဲမှာ မိဖုရားကို ကြောငြာတော့
ဥယျာဉ်မှူးရဲ့သမီးတော် ကို မိဖုရားအဖြစ်ကြော်ငြာပါတယ်။
အပျိုစင်အမြောက်အများဟာ မကျေမနပ်သံများထွက်လာပါတယ်။
သူ့ထက်သူ ပိုလှပတဲ့ပန်းပွင့်တွေကို မရွေးချယ်ပဲ ဘာပင်မှ
မတင်ပြနိုင်သူကိုရွေးချယ်တာဟာ မတရားကြောင်း၊
ဘာကြောင့်ရွေးချယ်တဲ့အကြောင်းကို ရှင်းလင်းသင့်ကြောင်းပြောကြပါတယ်။
ဒီတော့မင်းသားငယ်က ရှင်းပြပါတယ်။
" ဒီပြိုင်ပွဲကိုကျင်းပဖို့သူတစ်ဦးတည်းသာစီစဉ်ကြောင်း၊
ပြိုင်ပွဲမကျင်းပမှီမှာ မျိုးစေ့အားလုံးကို အပင်မပေါက်အောင် နာရီပေါင်းများစွာ
ရေနွေးပူပူနဲ့ပြုတ်ထားကြောင်း၊ဒီတော့ ဘာအပင်မှ မပေါက်နိုင်တော့ကြောင်း၊
တိုင်းပြည်နဲ့လူမျိုးတိုးတက်ဖို့အတွက် ရိုးသားဖြူစင်တဲ့မိဖုရားကိုသာအလိုရှိကြောင်း၊
အပင်မပေါက်တဲ့တစ်ဦးတည်းသော အပျိုစင်သည်သာ မိဖုရားနဲ့ထိုက်တန်ကြောင်း၊
တိုင်းပြည်ရဲ့မိဖုရားဟာ ရိုးသားဖြူစင်မှသာ တိုင်းပြည်ဟာတိုးတက်လာနိုင်ကြောင်း၊
ဒါကြောင့် ဥယျာဉ်မှူးရဲ့သမီးတော်ဟာ ရိုးသားဖြူစင်သူဖြစ်တဲ့အတွက်
မိဖုရားတင်မြှောက်ခြင်းဖြစ်ကြောင်း"ကို
အကျယ်တဝင့်ရှင်းပြလိုက်ပါတယ်။
ပြီးတော့ မိဖုရားကိုရွှေလက်တွဲပြီး နန်းသိမ်းပွဲကျင်းပပါတယ်။
မင်းကြီးနဲ့မိဖုရားတို့ဟာ တိုင်းပြည်နဲ့လူမျိုးတိုးတက်အောင်
ဆောင်ရွက်ရင်း တိုင်းပြည်ကိုမင်းကျင့်တရားဆယ်ပါးနဲ့အညီ
အုပ်ချုပ်စိုးစံသွားပါသတဲ့ကွယ်။


++++++++++++++++++

ရိုးသားမှုဟာ
သူတစ်ပါးကိုလဲ မစော်ကားဘူး၊
ကိုယ့်ကိုယ်ကိုယ်လဲ မဖျက်ဆီးဘူး။


++++++++++++++++++

တိုင်းပြည်တစ်ပြည်ဟာ အိမ်ထောင်စုတစ်ခုနဲ့တူတယ်ဆိုရင်
မိဖုရားဆိုတာ မိခင်တစ်ယောက်နဲ့တူပါတယ်။
မိခင်က ရိုးသားမှုမရှိရင်
ဒီအိမ်ထောင်စုဟာ တိုးတက်ဖို့
အလွန်ခက်ခဲပါတယ်။

++++++++++++++++++

ကျနော်ရဲ့အိမ်နီးချင်းကဇာတ်လမ်းတစ်ခု။
အဖေက သဘောင်္ကပ္ပတိန်၊
နိုင်ငံခြားသဘောင်္လိုက်နေချိန်မှာ
အမေက ချဲထီထိုးတယ်။
ကိုယ်ပိုင်တိုက်၊ကိုယ်ပိုင်ကား
ပိုင်ဆိုင်သမျှအားလုံးကုန်၊
အဖေပြန်လာတော့ လင်မယားကွဲ၊
သားသမီးတွေ ကစင့်ကလျားဖြစ်။

++++++++++++++++++

မိခင်က အကျင့်ပျက်၊
အရက်သောက်၊
ဖဲရိုက်၊
မူးယစ်ဆေးစွဲ၊
အဲဒီမိသားစု ဒုက္ခလှလှတွေ့ပြီ။

++++++++++++++++++

မိသားစုမှာ မိခင်ဟာ အလွန့်အလွန်အရေးကြီးသလို
တိုင်းပြည်တစ်ပြည်မှာလည်း မိဖုရားဟာ
အလွန့်အလွန်အရေးကြီးလှပါတယ်။

++++++++++++++++++





" ပိန်ဆေး..."




တစ်နေ့မှာ ဟိန်းဆေးကုခန်းသို့အမျိုးသမီး လူနာဖြစ်တဲ့

ဒေါ်ခင်ဥမ္မာ ရောက်လာပါတယ်။

သူမဟာ ဝသူဖြစ်ပြီး ဆရာဝန်ကိုဆရာလုပ်သူလည်းဖြစ်နေပါတယ်။

ပြောတဲ့အတိုင်းဘယ်တော့မှ လိုက်နာလေ့မရှိပါ။

ဒါပေမယ့် ဆေးခန်းကိုလည်း မကြာခဏလာပြသူဖြစ်နေတယ်။

သူမအလှည့်ကိုရောက်တော့

ဒေါ်ခင်ဥမ္မာက

“ဒေါက်တာ ကျမ ဆရာဝန်တွေ အများကြီးဆီရောက်ခဲ့ပြီးပြီ။

"ပိန်ချင်ရင် လမ်းများများလျှောက်"

လို့တစ်ယောက်ကပြောတယ်။

နောက်တစ်ယောက်ကတော့

"အနားယူစခန်းသွားပါ"

လို့ပြောတယ်။

ဒေါက်တာကကော ဘာအကြံဥာဏ်ပေးမလဲဟင်”


ဒေါက်တာဟိန်းက

" အနားယူစခန်းကို ခြေကျင်လျှောက်သွားပါ "

လို့ပြန်ပြောလိုက်ပါတယ်။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com