Sunday, November 6, 2011

" မိတ်ဆွေကောင်း ရှာပါ..."


လုပ်ငန်းအခြေအနေဟာ
လူ့အခြေအနေပေါ်မှာသာ
အမြဲတမ်းအဓိကတည်ပါတယ်။

******************

စီးပွားရေးလုပ်ငန်းဆိုတာ
အသစ်တီထွင်မှု၊
အသစ်ပြောင်းလဲမှုကို
အမြဲတမ်းတောင်းဆိုနေတဲ့ လုပ်ငန်းမျိုးပါ။
စီးပွားရေးလုပ်ငန်းမှာ ပြုပြင်မှု၊
စွန့်စားလုပ်ကိုင်မှုဆိုတာ ရှိရမယ်။

******************

ကိုယ်နဲ့လောလောဆယ်ဆက်ဆံနေရတဲ့လူအကြောင်းကို
များများသိနိုင်လေလေ၊
မြန်မြန်သိနိုင်လေလေ….
ကိုယ့်အတွက် အကျိုးရှိလေလေပါပဲ။

******************

လူချင်းတွေ့ပြီးမျက်နှာချင်းဆိုင်ပြောချင်တာကြောင့်
ခရီးဝေးတွေကိုတောင်သွားခဲ့ရပါတယ်။

******************

လုပ်သင့်တယ်ထင်ရင် နှစ်ခါတွေးမနေနဲ့။
လူတစ်ယောက်ဟာ သူရဲ့ “ လုံခြုံမှု စွမ်းအား” ပမာဏကိုလိုက်ပြီး စီးပွားရေးလုပ်ငန်းအခြေအနေမှာ ပြောဆိုပြုမူတတ်တယ်။

******************

တစ်ဖက်သားရဲ့အတ္တစိတ်ကို နားလည်အောင်သာ လေ့လာပါ။
သူရဲ့အတ္တစိတ်ကို အသိအမှတ်ပြုပြီး
နားလည်အောင် ကြိုးစားနိုင်ရင်
ကိုယ့်အတွက်အများကြီး အကျိုးရှိနိုင်တယ်။

******************

ကိုယ့်ရဲ့အတ္တစိတ်ကို အထူးထိန်းပါ။
ကိုယ့်စိတ်ရဲ့ အားသာချက်/အားနည်းချက်ကို သိပါ။
ကိုယ့်အတ္တစိတ်ကြောင့်
သူတစ်ပါးရဲ့အတ္တစိတ်ကို မထိခိုက်ပါစေနဲ့။

******************

လူတစ်ယောက်အကြောင်းသိချင်ရင်
သူနဲ့အတူတူအလုပ်လုပ်နေတဲ့ လူတွေဆီကလည်း
တစ်ဆင့်သိနိုင်တယ်။

******************

သေသေချာချာ၊
စေ့စေ့စပ်စပ် ဆန်းစစ်ကြည့်ပါ။
လေ့လာကြည့်ပါ။
အဖြေထွက်လာပါလိမ့်မယ်။

******************

စီးပွားရေးလုပ်ငန်းဆိုတာ
ကိုယ့်စည်းကို ကိုယ်အတတ်နိုင်ဆုံးလုံအောင်လုပ်ပြီး
တစ်ဖက်သားက အလျော့ပေးလာအောင် လုပ်ယူရတဲ့အလုပ်မျိုးဖြစ်တယ်။

******************

ပြောတာဆိုတာတွေဟာ
စီးပွားရေးသဘောမဆန်ဘဲ
လူမှုရေးသဘောဆန်လေလေ ပိုပြီးအကျိုးရှိလေပဲ။


******************

ပေါ့ပေါ့မနေပါနဲ့၊
အဲဒီအချိန်ပိုင်းတွေ၊ အခြေအနေတွေမှာ
လူတွေရဲ့အတွင်းသဘောကို မြင်အောင်ကြည့်ပါ၊
မြင်အောင်လေ့လာပါ။

******************

လူတစ်ယောက်နဲ့ ဘယ်နှစ်ကြိမ်ပဲ ဆုံဖူး၊ဆုံဖူး
မှတ်မိဖို့မသေချာရင် “ နာမည် ”ကိုပြောပြီး
နူတ်ဆက်လိုက်တာပဲ။
ကိုယ့်ဘက်က စွမ်းဆောင်ရည်ပြည့်ဝမှု၊
သဘောထားကြီးမှု၊
မျှတမှုရှိရင် တစ်ဘက်သားက
ကိုယ့်အပေါ်မှာ အထင်အမြင်ကောင်းပြီး
အခြားချို့ယွင်းချက်တွေ အားလုံးကို ခွင့်လွှတ်လိမ့်မယ်။

******************

ပေးစာရေးတဲ့အလုပ်ဟာလုပ်ကိုလုပ်သင့်တယ်။
လုပ်ကိုလုပ်ရမယ်။
ပြီးစလွယ်မရေးနဲ့။
စိတ်ဝင်စားမယ့်ကိုယ်ရေးကိုယ်တာတွေပါ ထည့်ရေးပါ။

******************


နှစ်စဉ်နှစ်တိုင်းပေးပို့သင့်တဲ့ ပုဂ္ဂိုလ်ဆီကိုလုပ်ငန်းဆိုင်ရာ
ခရစ်စမတ်ကတ်တွေ၊လက်ဆောင်တွေ အမြဲတမ်းပေးပို့ပါ။
မလွဲမသွေပေးပို့ရမယ့် ပုဂ္ဂိုလ်တွေရဲ့စာရင်းကိုလဲ
အမြဲတမ်းဖြည့်စွတ်ပြီး စနစ်တကျသိမ်းထားပါ။

******************

ရိုးရိုးသားသားဝတ်စားတာဟာ ပိုပြီးကောင်းပါတယ်။
“ အမျိုးသမီးတစ်ယောက် အဝတ်အစားညံ့ညံ့ဝတ်လာရင်
လူတွေက သူ့အဝတ်အစားကိုပဲသတိပြုမိတတ်တယ်။
အဲ…သူက အဝတ်အစားကောင်းကောင်းဝတ်လာရင်တော့
သူ့ရုပ်ရည်ကိုပဲ သတိပြုမိကြတော့တယ်။

( ကိုကိုးရှယ်နယ် )

******************

ကိုယ်က တစ်ခုခုလုပ်ပေးမယ်လို့
ကတိပေးထားရင်ဖြစ်အောင် လုပ်ပေးလိုက်ပါ။
မဖြစ်နိုင်ဘူးဆိုရင်တစ်ခါတည်းနဲ့သာ အပြတ်ငြင်းလိုက်ပါ။

******************

အားလုံးတူနေရင် လူတွေဟာ မိတ်ဆွေဆီကပဲ ဝယ်ကြတယ်။
အားလုံးတူမနေရင်တောင်မှ မိတ်ဆွေဆီကပဲ ဝယ်ချင်ကြတယ်။
မိတ်ဆွေဖွဲ့ပါ။
မိတ်ဆွေပေါအောင် ကြိုးစားပါ။

******************


မိတ်ဆွေကောင်း ရှာပါ။

******************

ရယ်ရွှင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာတင်းမာမှုကို
ပြေပျောက်စေနိုင်တဲ့ အကောင်းဆုံးစွမ်းအားပါပဲ။
အစည်းအဝေးတစ်ခုကို ရယ်စရာဟာသနဲ့
စတင်တာ အကောင်းဆုံးပါပဲ။

******************



ရည်ညွှန်း......
( ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ...)
(ဘာသာပြန်သူ... မောင်ပေါ်ထွန်း )

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com